Part-14 ( Uni / Zawgyi)

19.3K 1.2K 81
                                        

ဝမ်ရိပေါ် ကလပ်ရဲ့ ကားပါကင် အတွင်းထိုးရပ်လိုက်ပြီး ကားစက်သတ်လိုက်သည်။ကားတံခါးလော့ချပြီး လမ်းလျှောက်ရင်း ခြေလှမ်းတော်တော်လှမ်းပြီးမှ ခြေစုံခဏရပ်ကာ အတန်ကြာစဥ်းစားပြီးမှ ကားဆီသို့ ပြန်လှည့်လိုက်သည်။ ကားတံခါးပြန်ဖွင့်ရင်း သူခုနက ပစ်တင်ထားခဲ့တဲ့ အထုတ်ကိုလှမ်းယူကာ ကလပ်ရဲ့ အပေါ်ဆုံးထပ်သူနားနေကျနေရာကိုဘဲ တန်းတက်သွားလိုက်တော့သည်။ အခန်းထဲရောက်တော့ ဘယ်သူမှမရှိ။ ကြည့်ရတာ ဟောက်ရွှမ်းတို့ ဒီနေ့ ကလပ်ကိုမလာပုံရသည်။သူလဲ စိတ်ညစ်နေတာမို့ လှမ်းခေါ်မနေတော့။

ခဏနေတော့ waiter လေးတစ်ယောက်က သူမှာထားတဲ့ ဝိုင်နီတွေယူလာပေးပြီးပြန်ထွက်သွားသည်။ စိတ်ပျက်လက်ပျက် တစ်ယောက်ထဲ အခန်းထဲမှာ ထိုင်သောက်နေလိုက်ရင်း သူ့ရှေ့က စာအိတ်ဆီအကြည့်ရောက်သွားတော့ လက်လှမ်းယူကာ ကော်နဲ့ ပိတ်ထားတဲ့ စီးတံဆိပ်ကိုဖွင့်ထုတ်လိုက်သည်။ စက္ကူအိတ်ပြဲသွားနဲ့ အထဲကထွက်ကျလာတဲ့ ဓာတ်ပုံတွေအထပ်လိုက်။ ရိပေါ်ကျသွားတဲ့ ပုံတွေကိုကောက်ယူလိုက်ရင်း မြင်လိုက်ရတဲ့ပုံတွေကြောင့် ပေါက်ကွဲကာ ရှေ့က မှန်စားပွဲကို ဆွဲမှောက်ပစ်လိုက်သည်။ဓာတ်ပုံတွေကိုလဲ ကျိုးကြေသွားတဲ့အထိ လုံးချေပစ်ကာ အခန်းတွင်း မြင်မြင်သမျှအကုန် ရိုက်ခွဲပစ်သည်။

" ဘယ်ခွေးသူတောင်းစားလုပ်တာလဲ!! ဘာသဘောနဲ့ ဒါကိုပို့တာလဲ!! "

"တောက်! "

ဝမ်ရိပေါ်ရဲ့အခန်းတွင်း အော်ဟစ်သံ ရိုက်ခွဲသံတို့နဲ့ ဆူညံလို့​နေတယ်။ ဝမ်ရိပေါ် ဖျက်ဆီးထားတဲ့ အပျက်စီးတွေထဲက သူ့ဖုန်းကို ရှာလိုက်ပြီး ဟောက်ရွှမ်းတို့ကိုဖုန်းဆက်လှမ်းခေါ်လိုက်တယ်။ဝမ်ရိပေါ် အခြေနေကိုခေါင်းအေးအေးထားပြီး စဥ်းစားလိုက်တယ်။ ဘယ်သူက သူတို့ကြားဝင်ခွဲချင်တာလဲ? မဟုတ်မဟက်ပုံတွေပို့ပြီး အောက် တန်းကျရတဲ့အထိ ဒီကိစ္စကို ဘယ်သူတွေကဖန်တီးရတာလဲ။ ဘယ်သူပဲဖြစ်ဖြစ် သေချာတာကတော့ အာ့လူကို သူလုံးဝအလွတ်ပေးမှာမဟုတ်ဘူး။ ဝမ်ရိပေါ်ကို ဒီလိုလွယ်လွယ်နဲ့တိုက်ခိုက်နိုင်မယ်ထင်လို့လား! မိုးဆုံးမြေဆုံး ရှာပြီးမြေလှန်ပြမယ်။

ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]Место, где живут истории. Откройте их для себя