Part-7 (Uni / Zawgyi)

27.2K 1.4K 45
                                        


သုံးလကြာပြီးနောက်🔸🔸

ဒီသုံးလအတွင်းမှာ ရှောင်းကျန့်ရဲ့နေ့ရက်လေးတွေက ဝမ်ရိပေါ်ဆိုတဲ့လူဆိုးကောင်ကြောင့်လုံးဝမသာယာခဲ့ဘူး။ နေ့ရက်တိုင်း အကျဥ်းကျနေသလိုဘဲ။ကျောင်းမှာလဲ ကျောင်းမှာမို့ ဟိုလူနဲ့မပေါင်းရဘူး ဒီလူနဲ့မပေါင်းရဘူးဆိုကာ နေရာတိုင်းလိုက်ပြောတယ်။ ယောက်ကျားလေး alpha, omega,beta.. တစ်ယောက်ကိုမှအနားကပ်မခံဘူး။ မျက်စိတောက် ထောက်ပြီးလိုက်ကြည့်တယ်။ ကုန်ကုန်ပြောရရင် ပါးစပ်ထဲထမင်းလုပ် ဘယ်နှစ်ချက်ဝါးတာကအစသူသိတယ်။

သူ့ပြောစကားနားမထောင်လို့ ကလန်ကဆန်လုပ်ကြည့်ပါလား နေရာမရွေးဆွဲနမ်းခံရတော့တာဘဲ။အာ့လိုအလုပ်ခံရပါများတော့ သူလဲသိပ်တောင် မရှက်တတ်တော့ဘူး။ ဘယ်သူမှလဲသူတို့ကိုအရေးတယူပြုမနေတော့ဘူး။ ဒါဟာမြင်နေကြမြင်ကွင်းတစ်ခုလို။ သူလဲတဖြည်းဖြည်းနဲ့ရိပေါ်ရဲ့စိတ်အခြေနေကိုနားလည်လာတယ်။ လူတိုင်းက ကိုယ်ရွေးချယ်ထားတဲ့ mate အပေါ် သဝန်တိုတတ်ကြတာဘဲ။ရိပေါ်ကတော့ ပိုဆိုးတယ်။ ဒါတောင် အဖြေလုံးဝမပေးရသေးဘူး။

ပိုင်စိုးပိုင်နင်းတအားလုပ်လွန်းတယ်။မကြိုက်ပါဘူး ဘယ်လောက်အော်အော် သူကြိုက်ရင် ဘယ်သူ့စကားမှနားမထောင်ဘဲ လုပ်တာဘဲ။

အိမ်ဆိုလည်း သူ့အိမ်လိုမျိုးဝင်ထွက်သွားလာနေတာ တံခါးမရှိဓားမရှိ။ နောက်ဆုံးသည်းမခံနိုင်လို့ password ပြောင်းတော့ တိုက်အောက်ကနေအသံပြဲနဲ့အော်ခေါ်တယ်။ ပတ်ဝန်းကျင်ကို အားနာလို့ ကိုယ့်မှာ အချိန်မတော် ဆင်းခေါ်ရတယ်။နောက်မလုပ်ဖို့လည်း တောင်းပန်ရတယ်။

အလုပ်ဆိုလဲ သူကဆိုင်ပိုင်ရှင်မို့လို့ ဆိုတဲ့ခေါင်းစဥ်အောက်မှာ လုပ်ချင်ရာအကုန်လုပ်တယ်။တစ်လမှာရက်သုံးဆယ်ဆို 28 ရက်လုံးက ဆိုင်ပိတ်တယ်။အကြောင်းအမျိုးမျိုးပြပြီးတော့ကိုပိတ်တာ။ ပိတ်လို့နားနားနေနေ,နေရမယ်မထင်နဲ့ သူခေါ်တဲ့နေရာ အကုန်လျှောက်ခေါ်သွားနေတာ။

ဆိုင်ဖွင့်တဲ့ရက်ကြပြန်တော့လည်း ဆိုင်စဖွင့်ထဲက တစ်ချိန်လုံးသူ့ဆီမှာကြီးဘဲ။ တစ်ချိန်လုံးဘေးကနေလိုက်နှောင့်ယှက်နေတာ။သူဘဲလားဆိုတော့လဲ မဟုတ်ပြန်ဘူး။သူ့ သူငယ်ချင်းတစ်သိုက်ပါပါတယ်။အကုန်လုံးက ဒီဆိုင်ကို ပျော်ပွဲစားထွက်လာသလိုဘဲ။

ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]Where stories live. Discover now