Part-26 ( Uni / Zawgyi)

17.6K 1K 67
                                        

ဆေးရုံကုတင်ပေါ်က ရှောင်းကျန့်မျက်နှာက ရဲတွတ်ပြီး သူ့နားက ဆရာဝန်တွေနဲ့ nurse တွေကို ရင်မဆိုင်ရဲစွာ မျက်လွှာကိုချထားတယ်။ ရိပေါ်ကတော့ မျက်နှာတည်နဲ့ဘဲ ရှောင်းကျန့်ဘေးမတ်တပ်ရပ်ပြီး စစ်ဆေးပေးနေတာကို ရပ်ကြည့်နေလိုက်တယ်။ ဒီနေ့မနက် ဆေးရုံသတင်းလာမေးတဲ့ ဝမ်ပါးပါးနဲ့ တခြားမိသားစုဝင်တွေကတော့ သူတို့နှစ်ယောက်အစား ဆရာဝန်တွေကိုမျက်နှာပူလို့နေတယ်။ဝမ်ပါးပါးကတော့သူ့သားကို မျက်နှာပါမလာတဲ့ကောင်လို့တောင်တွေးမိတဲ့အထိ။ ဆေးရုံလိုနေရာတောင်မရှောင် ဟင်း! ပြောပြန်ရင်လဲ ဒီအရှက်မရှိတဲ့အကောင်က မျက်နှာပြောင်တိုက်ပြီး ပြန်ခံပက်အုံးမယ်။ သူ့ပါးစပ်ပိတ်နေလိုက်တာဘဲ ကောင်းပါတယ်။

ရိပေါ်တို့ မနက်ကြဆရာဝန် round မလှည့်ခင် ထမယ်လို့ စဥ်းစားထားကြပေမယ့် နှစ်ယောက်သားလုံးဝမနိုးဘဲ အိပ်မောကြသွားချင်းပင်။ဆရာဝန်တွေရော သူနာပြုတွေပါ လာစစ်ကြတော့မှနှစ်ယောက်သားကုတင်ပေါ်ထပ်လျက်သား။ ရှောင်းကျန်ဝတ်ထားတဲ့ဆေးရုံအင်္ကျီက ကော်လံအထောင်နဲ့မဟုတ်ဘဲ ကော်လံမပါတဲ့ ခေါင်းစွပ်ဝတ်ရတဲ့ အင်္ကျီမို့ လည်ပင်းမှာ သူစိတ်ကြိုက်ကိုက်ထားတဲ့ ဒဏ်ရာတွေက ဖုံးမရဖိမရ။ သူကတော့ မရှက်ပေမယ့် ရှက်နေတဲ့ရှောင်းကျန့်ကြောင့် သူ့မှာဆရာဝန်တွေကို မြန်မြန်စစ်ပြီး မြန်မြန်ပြန်ထွက်စေချင်နေပြီ။ ဒါပေမယ့် မထင်မှတ်စွာ နှစ်ဖက်မိသားစုက မနက်စောစော စားစရာတွေနဲ့ လိုအပ်တာတွေယူပြီး ရောက်ချလာတော့ သူတို့အခြေနေကို အကုန်လုံးက ရိပ်မိသွားခြင်းပင်။ ရိပေါ် ပါးပါးရဲ့ အကြည့်တွေကိုသိပေမယ့် တမင်ဘဲ မသိသလို မျက်နှာပြောင်ပြောင်နဲ့ဘဲ နေလိုက်တယ်။အခြေနေကို ရိပ်မိတဲ့ဆရာဝန်ကလဲ မျက်နှာတွေရဲလို့။

" ဟို... လူနာက အကုန်သက်သာနေပါပြီ။ခေါင်းကတော်တော်လေး ရောင်တာကျသွားပြီ။ ဆေးရုံက ဆင်းချင်လဲရတယ် မဆင်းချင်လို့ တစ်ရက်နှစ်ရက် စိတ်ချရအောင်စောင့်ကြည့်ချင်လဲရတယ်။ "

" မနေဘူး! ဆင်းမှာ"

ရိပေါ်ကြားကနေအလျင်စလိုဝင်​ပြောလိုက်တယ်။ မားမားရဲ့မျက်လုံးကြီးက သူ့ဆီဒိုင်းခနဲ။ ရိပေါ်လဲ ဘာဖြစ်လို့လဲဆိုတဲ့မျက်နှာဘေးနဲ့ပြန်ကြည့်လိုက်တယ်။ ဒါကိုမြင်သွားတဲ့ပါပါးက မားမားကို ကြည့်တဲ့အကြည့်တွေကိုမကြိုက်စွာ သူ့ကိုမျက်လုံးတွေနဲ့ကြည့်ကာ သတိပေးပြီး လက်သီးကိုကြိတ်ပြီးထောင်ပြတယ်။ ပါးပါးလုပ်ရက်ကို မြင်သွားတဲ့ ဖိုးဖိုးက လက်သီးစုတ်ပြတဲ့ပါးပါးရဲ့လက်ကိုသူ့ရဲ့တုတ်ကောက်နဲ့ခွပ်ခနဲမြည်အောင်ချတယ်။ရိပေါ်ကတော့ အသံတိတ်နဲ့ ပါးစပ်ဖြဲရီနေလိုက်တယ်။ အခြေနေအစအဆုံးကိုမြင်တဲ့ သူ့ယောက်က္ခမတွေကတော့ ဟိုကြည့်ဒီကြည့်နဲ့ မျက်နှာတွေပူနေပုံရတယ်။ ရှောင်းကတော့ မိဘတွေ ယောက်က္ခမတွေ ရှေ့မှာဆိုတော့ ရဲတွတ်နေတဲ့မျက်နှာက လုံးဝကိုဖော်မလာတော့ဘူး။

ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]Onde histórias criam vida. Descubra agora