Part-43 ( Uni / Zawgyi)

10.9K 639 64
                                    

ကျိရန်ဒီနေ့ ဟွားဟွားကို သူ့အဖွားတွေလက်မှာခဏအပ်ထားခဲ့ပြီး အပြင်ကိုခဏ ထွက်လာခဲ့သည်။ မောင်ကလည်း အလုပ်သွားချိန်ဆိုတော့ ဒီအချိန်အိမ်ပြင်ထွက်ဖို့ အသင့်တော်ဆုံးဟုတွေးလိုက်သည်။ ကျိရန် မာမားတို့ကို ဒီနားလိုအပ်တာလေးဝယ်စရာရှိလို့ဟုဆိုကာ မာမားနဲ့တွေ့ဖို့ထွက်လာခဲ့သည်။မနေ့ညက မဆက်စဖူးဆက်လာတဲ့ဖုန်းကြောင့် ကျိရန်ပျော်သွားပေမယ့် မောင်သိမှာစိုးတာကြောင့် အခန်းပြင်ထွက်ပြီး ဖုန်းခိုးပြောခဲ့ရသည်။

အကူညီလိုနေတဲ့မာမားကြောင့် ကျိရန်ဒီမနက်ဘဲ ချိန်းတဲ့နေရာကိုထွက်လာခဲ့ခြင်းဖြစ်၏။ချိန်းထားတဲ့ဆိုင်ထဲရောက်တော့ မာမားကကြိုရောက်နှင့်နေကာ ဘေးမှာအကိုကြီးပါ ပါလာသည်။ကျိရန်အနည်းငယ်တန့်သွားပေမယ့် ရောက်လာပြီဆိုမှတော့ အတတ်နိုင်ဆုံး နှုတ်ဆက်ဖို့ကောင်းသည်ဟု တွေးကာ ထိုစားပွဲရှေ့သွားရပ်လိုက်သည်။

မော့ကြည့်လာတဲ့မာမားက သူ့ကိုမပြုံးခြင် ပြုံးခြင်နဲ့ ပြုံးပြလာသည်။အကိုကြီးကတော့အရင်လိုဂျစ်တစ်တစ်နဲ့ သူ့အပေါ်ခပ်ချေချေသာဆက်ဆံသည်။မာမားက အကိုကြီးကို တံတောင်နဲ့တွတ်လိုက်တော့မှ သူ့ကိုပြန်ကြည့်လာတဲ့မျက်လုံးတွေက လူကိုဖဲ့စားမတတ်စိုက်ကြည့်ကာ ရှေ့ကာခုံကိုမျက်စပစ်ပြသည်။ ကျိရန်လည်းဝင်ထိုင်လိုက်ပြီး

" မာမားတို့ ဘာစားမလဲ တစ်ခုခုမှာလိုက်လေ "

" ငါတို့ဒီကိုစားဖို့လာတာမဟုတ်ဘူး မင်းဆီကအကြွေးယူဖို့လာတာ "

" ဟဲ့! သား.."

" ကျွန်တော်ပြောတာမှားလို့လား ။ ဘာမှအကူညီတောင်းတယ်ဆိုပြီး ခေါင်းစဥ်တပ်စရာမလိုဘူး။ ကိုယ်ကသူ့ကို ဒီလိုကောင်းစားတဲ့ဘဝရောက်သွားသည်အထိ မြေတောင်မြှောက်ပေးခဲ့ရတာ။အခုနေသူ့ဘက်ကပြန်ကြည့်သင့်တယ်"

ကျိရန်သူတို့သားမိနှစ်ယောက်ပြောစကားများကိုနားထောင်ပြီး နှုတ်ခမ်းလေးကိုက်ကာနားထောင်နေမိသည်။ဧကန်န အကိုကြီး ပြသာနာတစ်ခုခုဖြစ်လာလို့နေလိမ့်မည်။သူ့ဆီကအကူညီယူရတယ်ဆိုတာမျိုးခေါင်းစဥ် မတပ်ချင်တာဖြစ်ပါလိမ့်မည်။ ကျိရန်ဘာမှမမေးမမြန်းဘဲ အခက်အခဲကိုပြောတာနဲ့ ကူညီပေးမှာပါ။ သူတတ်နိုင်တဲ့ဘက်ကဆိုရင်ပေါ့ ။

ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]Donde viven las historias. Descúbrelo ahora