ရှောင်းကျန့်သတိရလာတဲ့အချိန်မှာတော့ ရိပေါ်အနားမှာနေပေးနေပြီး ဂရုတစိုက်ရှိလှသည်။သတိရရခြင်း စော်အောကိုအရင်မေးတာမို့လို့ Nurse တွေကို ကလေးကိုအခန်းထဲပို့ပေးလို့ရရင် လာပို့ပေးဖို့ ရိပေါ်တစ်ခေါက်သွားပြောရသည်။ အခန်းထဲမှာ ရှောင်းကျန့်က တစ်ခြားသူတွေနဲ့သာစကားပြောပြီး သူ့ကိုတော့အဖတ်ကိုမလုပ်။ ရိပေါ်ကသာအနားမှာအလိုက်တသိနဲ့လိုတာအကုန်လိုက်လုပ်ပေးနေလိုက်သည်။
ခဏနေတော့ခလေးချီပြီး ဝင်လာတဲ့ Nurse တွေကြောင့် ရှောင်းကျန့်မျက်လုံးလေးတွေလက်သွားကာ လှဲနေရာမှထထိုင်ဖို့ကြိုးစားလိုက်သည်။ ခွဲထားရတဲ့ဒဏ်ကြောင့် လူက မထနိုင်ပဲ နာကျင်မှုသာခံစားလိုက်ရ၏။ဘေးက nurse က ရှောင်းကျန့်ငြီးသံကြောင့် မထဖို့သတိလှမ်းပေးလိုက်သည်။
" ရှင့်ချုပ်ရိုးက နာရီပိုင်းပဲရှိသေးတယ် ထိုင်လို့မရဘူး။ အရမ်းလှုပ်ရှားနေရင် ချုပ်ရိုးပြန်ကွဲသွားလိမ့်မယ် "
Nurse ကပြောရင်း လှဲနေတဲ့ ရှောင်းကျန့်ရဲ့ဆေးရုံဝတ်ကိုလှန်ကြည့်သည်။ ဘာမှမဖြစ်မှသာ ကလေးကို ရှောင်းကျန့်အနားခေါ်လာပြပေးသည်။ အဲ့တော့မှရိပေါ်လည်း သူ့သားမျက်နှာကိုပထမဆုံးအကြိမ်မြင်ရခြင်းဖြစ်သည်။ ဝတုတ်ပြီး ဖောင်းဖောင်းကစ်ကစ်ပါးလေးတွေက ရဲတွတ်နေသည်။အိပ်ပျော်နေတဲ့မျက်နှာလေးက ချစ်စဖွယ်အတိ။ ရှောင်းကျန့်ချီဖို့လက်လှမ်းတော့ Nurse က ကလေးကိုပြန်ရုတ်သွားကာ
" ချုပ်ရိုးအသားမကျမချင်း ကလေးချီလို့မရဘူး။ နို့တိုက်တဲ့အခါဖခင်က ကူပေးမှရမယ် "
Nurse ကပြောရင်း ရိပေါ်လက်ထဲ စော်အောကိုထည့်ပေးသည်။ရှောင်းကျန့်ဘာမှတော့မပြောပေမယ့် ရိပေါ်လက်ထဲပါသွားတဲ့ စော်အောကိုသာလိုက်ကြည့်နေမိသည်။ရိပေါ်သူ့လက်ထဲရောက်လာတဲ့ ပျော့အိအိကြောင့်အသည်းယားကာ မချီရဲသလိုဖြစ်နေသည်။တော်ကြာ သူ့လက်ကြားထဲက လျှောကျသွားရင်ဒုက္ခ။စော်အော်က အရိုးတောင်ပါရဲ့လားလို့ရိပေါ်တွေးယူမိသည်။ ရိပေါ်လုပ်နေတဲ့ပုံစံကြောင့် ရှောင်းကျန့်မှာ ကလေးပြုတ်ကျသွားမှာစိုးရိမ်နေရသည်။ရိပေါ်ချီနေရင်းစိတ်မသက်မသာဖြစ်လာကာ
BẠN ĐANG ĐỌC
ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]
Fanfiction🚨🚨 For yizhan only . Take care of your reading list. ခပ်ကြမ်းကြမ်းအသုံးနှုန်းများပါမှာမို့ sensitive သမားများ မဖတ်ဖို့ ကြိုတင် warning ပေးပါတယ်။ mature on ထားပါတယ်။ Mepreg ပါ။Possessive,rapeနဲ့ sex ခပ်ကြမ်းကြမ်းတွေပါတာမို့ သတိထားဆင်ခြင်ဖတ်ရှူစေချ...
![ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]](https://img.wattpad.com/cover/288402834-64-k720510.jpg)