အချိန် နှစ်ပတ်ကြာမြင့်ပြီး ဆေးရုံပေါ်က ဟောက်ရွှမ်းလည်း သတိပြန်လည်လာလို့အကုန်နီးပါးပြန်လည်ကောင်းမွန်လာပြီဖြစ်သည်။သတိလစ်နေတဲ့ လူနှစ်ယောက်မှာ နှာနုအထိုးခံရတဲ့သူကတော့ ဆေးရုံပေါ်တက်ပြီး နှစ်ရက်လောက်မှာတင် သေဆုံးခဲ့သည်။ကျန်တစ်ယောက်ကတော့ မေးရိုးနှစ်ဖက်လုံးကျိုးကာ အံတွေလွဲကုန်သည်အထိ ပါးစပ်ပါစိမရအောင်အထိ ပြင်းထန်သွားသည်။ အခုတော့မေးရိုးထိန်းအကူတပ်ထားရပြီး လုံးဝသတိပြန်မလည်လာသေး။
လူသေမှုဖြစ်လို့ ဝမ်ရိပေါ်မှာ ပြသာနာရှိလာတာမို့ ဝမ်သခင်ကြီးက ဒီသတင်းတွေမထွက်အောင်မနည်း ငွေတွေနဲ့ဖုံးဖိခါထားရသည်။သေဆုံးသူဘက်က မိသားစုမရှိတာမို့လို့ ရဲဘက်ကအမှုသာဖြစ်သွားသည်။ ဒါကြောင့် ဒီလူသေမှုကို တရားရုံးထိအမှုမဖွင့်ဘဲ ရဲစခန်းမှာတင်အမှုပိတ်နိုင်အောင်လုံးပန်းနေရသည်။ ငွေကုန်တာပြသာနာမရှိပေမယ့် လူထောင်မကျဖို့သာအရေးကြီးသည်။ ဒါကြောင့်လည်း ဝမ်မိသားစုမှာအခုထိရတတ်မအေးနိုင်ကြ။
ရှေ့နေနဲ့သေချာတိုင်ပင်ကာ စခန်းမှာတင်အမှုပြီးဖို့လုပ်ဆောင်နေရ၏။ ကိုယ့်ဘက်ကခုခံပိုင်ခွင့်နှင့် လက်လွန်သွားခြင်းလို့သာ ရှေ့နေက ခေါင်းစဥ်တပ်ကာပြောသည်။တစ်ကယ်လည်း အများနဲ့တစ်ယောက်မို့ ရိပေါ်ဘက်မှာ အပြည့်အဝကိုခုခံခွင့်ရှိသည်။ဒါတောင်ရိပေါ်အနေနဲ့လည်း တော်တော်လေး ခံလိုက်ရတာဖြစ်၏။
ရဲတွေကလည်း ဝမ်အိမ်တော်ရဲ့အမှုကိစ္စဖြစ်နေလို့ လက်လွတ်စပါယ်တရားရုံးမတင်ရဲကြသေးဘဲ ရှေ့နေနဲ့သာစကားပြောနေရသည်။သူတို့မှာလည်းတာဝန်ကရှိသေးသည်။မျက်နှာလိုက်လုပ်ဆောင်ပေးလို့မရပေမယ့် ရှေ့နေတော်ရင်သလို ရှောင်လွှဲချက်ပေးရင်ပေးနိုင်သလို သူ့လူအတွက်အပြည့်အဝကာကွယ်ပေးပြီးသားဖြစ်သွားမည်။ အခုရှေ့နေက စကားရည်လည်ကာ အတွေ့ကြုံရှိသူမို့ ဝမ်ရိပေါ်ရဲ့အပြစ်ကို ရှာဖွေလို့မရအောင်ပင် အပြည့်အဝ စကားလုံးတွေနှင့်အနိုင်ယူသွားသည်။
ဒါကလူကို ကြိုတင်ကြံစည်လုပ်ကြံမှုနဲ့ လက်နက်ကိုင်မှု ၊အုပ်စုလိုက်ဝိုင်းအနိုင်ကျင့်မှုတို့ကြောင့် တစ်ဖက်ကလူအုပ်တွင်ပင် တရားဆွဲခံနိုင်ရဖွယ်ရှိနေသည်။ ထိုမိသားစုတွေက ထိုပုဒ်မတွေကြောင့် တရားဆွဲဖို့လက်လွှတ်လိုက်ကြ၏။အဓိက သူတို့လူတွေ အေးအေးချမ်းချမ်းနဲ့ အချုပ်ကပြန်လွတ်နိုင်ရန်သာဖြစ်၏။
KAMU SEDANG MEMBACA
ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]
Fiksi Penggemar🚨🚨 For yizhan only . Take care of your reading list. ခပ်ကြမ်းကြမ်းအသုံးနှုန်းများပါမှာမို့ sensitive သမားများ မဖတ်ဖို့ ကြိုတင် warning ပေးပါတယ်။ mature on ထားပါတယ်။ Mepreg ပါ။Possessive,rapeနဲ့ sex ခပ်ကြမ်းကြမ်းတွေပါတာမို့ သတိထားဆင်ခြင်ဖတ်ရှူစေချ...
![ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]](https://img.wattpad.com/cover/288402834-64-k720510.jpg)