Part-46 ( Uni / Zawgyi)

10.8K 642 47
                                    

ဝမ်စော်အော အသက်သုံးနှစ်။ ရှောင်းကျန့်ဒုတိယကိုယ်ဝန် ငါးလမြောက်။ ဝမ်ရိပေါ်ဘွဲ့တစ်ခုရပြီးလို့ အလုပ်မှာလည်း CEO နေရာအထိ ရာထူးတက်သွားပြီဖြစ်သည်။ ရှောင်းကျန့်တော့ စော်အောတစ်နှစ်ပြည့်မှာကျောင်းတက်ရင်း တတိယနှစ်ရောက်အပြီး စတုတ္ထနှစ်တက်မဲ့နှစ်မှာ ဒုတိယကိုယ်ဝန်ရခဲ့လို့ ကျောင်းကိုတန်းလန်းနဲ့နားလိုက်ရပြန်သည်။

ဘာဘဲဖြစ်ဖြစ် ကြိုးစားပန်းစားတတ်လာတာ တတိယနှစ်အထိတော့ရောက်လာခဲ့သေးသည်။ဒီနှစ်တွေအကြာမှာ သူတို့အများကြီးတိုးတက်ပြောင်းလဲလာခဲ့သည်။ ရှောင်းကျန့်ရဲ့ဒုတိယမြောက်ကိုယ်ဝန်က အမွှာမို့လို့ ပိုပြီးဂရုစိုက်ရသည်။ ပြီးတော့ထပ်ပြီး ယောက်ကျားလေးနှစ်ယောက်။ ရိပေါ်ရဲ့အလှော်ကောင်းမှုကြောင့် အမွှာရခဲ့ခြင်းဖြစ်သည်။

ဆရာဝန်နဲ့တိုင်ပင်ပြီး နေထိုင်စားသောက်မှုပုံစံပြောင်းကာ ရိပေါ်အလိုကျသူနေပေးခဲ့သည်။သူကအရပ်လည်းရှည်တော့ အမွှာရဖို့ပိုပြီးသေချာခဲ့တာလည်းပါ၏။အခုတော့ရှောင်းကျန့်က အိမ်မှာစားလိုက်သောက်လိုက် စော်အောထိန်းလိုက်နဲ့ အချိန်တွေထပ်ဖြန်းနေလိုက်သည်။

စော်အောက ကြီးလာလေ ရိပေါ်နဲ့ပိုပြီး တူလာလေဖြစ်သည်။ မျက်နှာ၊အကျင့်စရိုက် အကုန်ဆိုအကုန်ချွတ်စွပ်။ဝမ်ရိပေါ်သားလို့မပြောရဘူး။ ရိပေါ်ကသူ့သားကိုချစ်မှချစ်။သက်ဦးလည်းဖြစ်တော့အဖိုးအဖွားတွေအကုန်လုံးရဲ့အချစ်တော်လေးဖြစ်နေပြန်သည်။အားလပ်ရက်တွေပိတ်ရက်တွေ ခြံထဲမှာ skate စီး cycle စီးအကုန်လုပ်သည်။ နုနုယွယွ ဘာဆိုဘာမှမလုပ်။ကြားရက်တွေကိုတော့ရိပေါ်က စော်အော်ကိုမူကြိုပို့ထားလိုက်သည်။ ဒါမှလည်းသူထိန်းရသက်သာသွားတာဖြစ်၏။

ရှောင်းကျန့်တစ်ခါတစ်လေစဥ်းစားမိသည်။ သူမွေးထားတာ လူရောဟုတ်ရဲ့လားလို့။ အရမ်းဆော့ အရမ်းကြမ်းတမ်းလွန်းလို့ မျောက်နဲ့လောက်စပ်ပြီးမွေးထားတာလားလို့ ကိုယ့်ကိုကိုယ်မေးခွန်းပြန်ထုတ်ယူရတဲ့အထိ။ အခုကိုယ်က ကိုယ်ဝန်တစ်ဖက်နဲ့မို့ စော်အောနောက် အရင်လိုလိုက်မထိန်းနိုင်။ ဒါကြောင့် ရိပေါ်ကစော်အောကို မူကြိုပို့လိုက်ခြင်းဖြစ်၏။

ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]Donde viven las historias. Descúbrelo ahora