Part-48 (Uni/ Zawgyi)

11.3K 623 49
                                    

ရှောင်းကျန့်မနက်စောစောကတည်းက ကလေးတွေစားဖို့သောက်ဖို့နဲ့ ရိပေါ်အလုပ်သွားဖို့အတွက် ချက်ပြုတ်ပြင်ဆင်နေသည်။ အသက်တစ်နှစ်ပြည့်နေပြီဖြစ်တဲ့ခလေးတွေအတွက် ဖြည့်စွက်စာတွေကိုလည်း ကိုယ်တိုင်ကိုယ်ကျစနစ်တကျပြင်ဆင်သည်။အသက်လေးနှစ်ရှိပြီဖြစ်တဲ့စော်အောလေးကတော့ အရမ်းကိုထွားလာပြီး အရပ်ကြီးရှည်လာသည်။

ရိပေါ်အောက်ထပ်ဆင်းလာတော့ နောက်ဖေးမှာတစ်ယောက်တည်း လှီးချွပ်နေတဲ့ရှောင်းကျန့်ကြောင့် ရိပေါ်အနားသွားကာလည်ပင်းကနေသိုင်းဖက်ထားလိုက်သည်။

"ရိပေါ် ဘယ်လိုဖြစ်နေတာလဲ! ကြီးကြီးတို့မြင်ကုန်မယ်လေ! "

" မမြင်ပါဘူး! ကိုယ်ဒီနေ့အကုန်လုံးကိုအနားပေးထားတယ် "

"ဘာလို့လဲ! ဒီနေ့ကဘာနေ့မို့လို့လဲ! "

" ဟမ်! ဘေဘီ တစ်ကယ်ကြီးမေ့နေတာလား! "

ရှောင်းကျန့် မျက်မှောင်တွေကုပ်ကာ ခဏစဥ်းစားနေလိုက်၏။ တစ်ကယ်ဘဲဒီနေ့ကဘာနေ့လဲ! သူအသက်ကြီးလာလို့များ ဦးနှောက်တွေမကောင်းတော့တာလား!

ရိပေါ် စိတ်ထဲ မပျော်တော့ ။ဒီနေ့သူ့ရဲ့အသက်နှစ်ဆယ့်လေးနှစ်ပြည့်မွေးနေ့။ မမှတ်မိတဲ့ ရှောင်းကျန့်ကြောင့် ရိပေါ်စိတ်ထဲအနည်းငယ်တော့ စိတ်မကောင်းဖြစ်သွားသည်။ဒီနေ့တမင်အတူတူဖြတ်သန်းချင်လို့တောင် ခလေးတွေကို သူတို့အဖွားအိမ်ပို့ထားဖို့စီစဥ်ထားပြီးသားပင်။အခုတော့ ရှောင်းကျန့်ကမမှတ်မိတော့ဘူးဆိုတော့ ရိပေါ်ဆက်မပြောမနေတော့ဘဲ အပေါ်ပြန်တက်လာခဲ့သည်။

ရှောင်းကျန့်ပြန်ထွက်သွားတဲ့ရိပေါ်ကိုနားမလည်သလိုမျိုးကြည့်နေလိုက်၏။ ရိပေါ်ကချက်ချင်းကြီးဘာဖြစ်သွားတာလဲ။ နောက်မှသာချော့လိုက်မည်ဟုတွေးလိုက်ကာ ဟင်းဆက်ချက်နေလိုက်သည်။

ရိပေါ်အပေါ်အခန်းထဲရောက်တော့ အိပ်နေတဲ့ခလေးတွေက အခုထိမနိုးသေး။ ရိပေါ်လည်း ဒီနေ့အလုပ်ခွင့်ယူထားတာမို့ သွားစရာမလိုတော့။ဒါ့ကြောင့်ဘဲ ခလေးတွေနားဝင်ကာလှဲလိုက်သည်။

ရိပေါ်အပေါ်အခန်းထဲရောက်တော့ အိပ်နေတဲ့ခလေးတွေက အခုထိမနိုးသေး။ ရိပေါ်လည်း ဒီနေ့အလုပ်ခွင့်ယူထားတာမို့ သွားစရာမလိုတော့။ဒါ့ကြောင့်ဘဲ ခလေးတွေနားဝင်ကာလှဲလိုက်သည်။

Ups! Ten obraz nie jest zgodny z naszymi wytycznymi. Aby kontynuować, spróbuj go usunąć lub użyć innego.
ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]Opowieści tętniące życiem. Odkryj je teraz