Part-25 ( Uni / Zawgyi)

16.9K 931 36
                                    

ရှောင်းကျန့်ကို nurse က နောက်တစ်ကြိမ်ဆေးချိတ်ပေးပြီးပြန်သွားတော့ ခဏအကြာမှာ ဟောက်ရွှမ်းတို့ စုံတွဲနဲ့ ယွီပင်းနဲ့ရောက်ချလာတယ်။ ရိပေါ်မတွေရတာကြာတဲ့ သူ့သူငယ်ချင်းတွေကို ဝမ်းသာအားရ ပွေ့ဖက်ကာ နှုတ်ဆက်လိုက်တယ်။ ငါးလထဲ ဝင်နေပြီဖြစ်တဲ့ ကျိရန်ဗိုက်က တော်တော်လေး ပူနေတာတွေ့တော့ ရိပေါ် သဘောတကျပြုံးလိုက်တယ်။ နောက်ဆို သူ့ရဲ့ယုန်လေးလဲ အဲ့လိုပူလာတော့မှာ။ ဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်မလဲ။ ရိပေါ်ကုတင်ပေါ်က ရှောင်းကျန့်မျက်နှာကို လှမ်းကြည့်လိုက်တော့ ကျိရန်ရဲ့ ဗိုက်ကိုကိုင်တွယ်ကာ စကားပြောနေတာ တက်ကြွလို့။ရိပေါ်လဲ ယွီပင်းတို့နဲ့သာ ဖောင်ဖွဲ့ပြီး စကားပြောနေလိုက်တယ်။

" ဂုဏ်ယူပါတယ် ရိပေါ် မင်းတော့ခလေးအဖေဖြစ်ပြီပေါ့ "

" ဒါပေါ့ မင်းတို့ငါ့အတွက် များများဂုဏ်ယူပေးသင့်တယ် "

ယွီပင်းကမျက်နှာမဲ့ရွဲ့လိုက်ပြီး

" ဟင့်! ငယ်ငယ်ရွယ်ရွယ်နဲ့ခလေးတစ်ယောက်အဖေဖြစ်တာကို ကြံဖန်ဂုဏ်ယူနေတယ်။ ငါ့လိုတစ်ယောက်တည်းသမားဘဝကသာ အသာယာဆုံးဘဲ "

" ဟ့! အဖြစ်မရှိရင် အဖြစ်မရှိဘူးပေါ့ကွာ ၊ လူဖြစ်လာပြီး လူဖြစ်ရကျိုးမနပ်လိုက်တာ။မင်းက မင်းညီလေးကို သေးပေါက်တဲ့နေရာတစ်ခုဘဲသုံးတာလား.. ဟား! ဟား! "

ရိပေါ်အပြောကို ဟောက်ရွှမ်းကပါ အသံပြဲနဲ့လှောင်ရီတော့တယ်။ သူတို့သူငယ်ချင်းတွေ မတွေ့ရတာတော်တော်ကိုကြာခဲ့ပြီ။ တစ်ယောက်ချင်းဆီက အထက်တန်းပြီးကတည်းက ကိုယ်ဝါသနာပါရာလုပ်ကိုင်နေကြတာဆိုတော့ အရင်လို မဆုံဆည်းဖြစ်ကြပေမယ့် တစ်ယောက်နဲ့တစ်ယောက် အနေလုံးဝမဝေးဘူး။ ဟောက်ရွှမ်း ရိပေါ်နဲ့ယွီပင်း သူတစ်ခွန်းကိုယ်တစ်ခွန်း ခွန့်တုံ့ပြန်နေတာကိုကြည့်ရင်း အူတတ်နေတော့တယ်။ ကုတင်ပေါ်ထိုင်ပြီး ခလေးအတွက် သိချင်တာတွေ မေးမြန်းနေတဲ့ရှောင်းကျန့်က ဧည့်သည့်ခန်းက ဆိုဖာမှာထိုင်ရင်း ရန်ဖြစ်နေတဲ့အသံတွေကြောင့် မျက်လုံးနဲ့လှမ်းကြည့်ကာ ခေါင်းခါလိုက်တယ်။ အရင်ကအတိုင်းသူတို့သုံးယောက်ဆုံရင် ကြားနေကြအသံတွေအတိုင်းဘဲ။ မရင့်ကျက်ကြသေးဘူး။တစ်ညနေလုံးဆေးရုံခန်းထဲ စနောက်သံတွေအပြီးမှာ အခန်းလေးကပြန်လည်တိတ်ဆိတ်သွားတယ်။

ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]Nơi câu chuyện tồn tại. Hãy khám phá bây giờ