Part- 11 ( Uni / Zawgyi)

20.3K 1.1K 58
                                    

Hotel ရဲ့ ခန်းမကြီးတစ်ခုထဲမှာတော့ မင်္ဂလာပွဲ တက်ရောက်လာကြတဲ့ ဧည့်ပရိတ်သတ်အပေါင်းနဲ့ပြည့်နှက်နေတယ်။ ရောက်လာတဲ့ ဧည့်သည်တွေကိုတော့ နှစ်ဖက်မိဘက ခန်းမအဝင်ဝမှာတင် နှုတ်ဆက်ကြိုဆိုကြတယ်။ ဝမ်ဘက်က ဧည့်သည်အများစုကတော့ လုပ်ငန်းရှင်တွေများကြတယ်။ သူတို့က ဝမ်သခင်လေးကို ဘယ်အိမ်တော် ဘယ်အသိုင်းဝိုင်းက မိန်းခလေးနဲ့ဖြစ်သွားကြလဲဆိုပြီး စိတ်ဝင်စားခဲ့ကြပေမယ့် တစ်ကယ် တမ်းကြ ဝမ်သခင်လေးက သာမာန်မိသားစုကယောက်ကျားလေး အိုမီဂါတစ်ယောက်နဲ့ လက်ထပ်သွားခြင်းပင်ပင်။

အကုန်လုံးက မထင်မှတ်ထားတဲ့အရာကြောင့် တော်တော်လေး အံသြကြပေမယ့် တစ်ကယ့်စိတ်ရင်းနဲ့ ဂုဏ်ပြုစကားပြောပေးကြတယ်။ ဝမ်အိမ်တော်က C နိုင်ငံရဲ့ အဓိကစီးပွားရေးထောက်တိုင်ကြီးတစ်ခုဘဲ။ သူ့ကိုမှီတွယ်နေတဲ့ လုပ်ငန်းစုတွေကအများကြီးမို့ တော်ရုံတန်ရုံ ဘယ်သူမှမရှူံ့ချရဲ။ ဝမ်အိမ်တော်က သူတို့အပေါ် မျက်စိစပါးမွှေးမဆူး ဖို့အရေးကြီးတယ်။

ဒီထဲမှာ လီအိမ်တော်ကလဲ ဝမ်အုပ်စုနဲ့ အကျိုးတူစီးပွားဖက်တွေဘဲ။ဒါပေမယ့်နောက်ကွယ်မှာတော့ လီအိမ်တော်က ဝမ်နဲ့သိပ်ပြီးအစီးမကပ်ကြဘူး။ အားလုံးထဲမှာ ပုံပျက်ပန်းပျက်နဲ့ မျက်စိမျက်နှာပျက် ဖြစ်နေတာက ကျိုးအိမ်တော်ပင်။အစက ကျိုးအိမ်နဲ့ မင်္ဂလာကိစ္စကြောင်းလမ်းထားပေမယ့် တစ်ကမ်းတမ်းကြဘာပွဲမှမဖြစ်မြောက်ခဲ့ဘူး။ ဒါကြောင့် ကျိုးအိမ်က တော်တော်လေး ဖြေမဆည်နိုင်အောင်ဖြစ်နေကြတယ်။

ခဏအကြာမှာတော့ မင်္ဂလာ အခါတော်ကျရောက်ချိန်မှာတော့ ဧည့်သည်တွေက သူ့နေရာနှင့်သူ နေရာယူပြီးနေကြပြီ။ ခန်းမအပြင်ဘက်က တံခါးမှာတော့ ရှောင်းကျန့်က သူ့ပါးပါးနဲ့လက်ချင်းချိတ်ပြီး အပြင်မှာ ရပ်နေခဲ့တယ်။သူခဏနေရင် ဒီခန်းမထဲဝင်ရတော့မှာ။

လူများရင် ကြောက်တတ်တဲ့ရှောင်းကျန့်က ခြေဖျားလက်ဖျားတွေ အေးစက်ပြီး နှဖူးမှာချွေးစေးတွေတောင်ထွက်နေတယ်။ ရှောင်းပါးကသူ့သားပုံစံလေးကြောင့် ရင်ထဲမကောင်း။ သူ့သားငယ်က လူတွေနဲ့သိပ်အခင်အတွယ်မရှိတော့ လူများတဲ့နေရာဆို မသွားရဲ မလာရဲတွေဖြစ်ကုန်ရော။ ခုလဲ တအားကြောက်နေပုံရတာမို့ သူ့ကိုချိတ်ထားတဲ့ လက်ခလေးကို သူ့လက်ဖဝါးနဲ့အုပ်ကိုင်ပြီး အေးစက်စက်လက်လေးတွေကို နွေးသွားအောင်ပွတ်သပ်ပေးလိုက်တယ်။သူ့ကိုပြန်ကြည့်လာတဲ့မျက်ဝန်းလေးတွေက တစ်ကယ်ကို အပြစ်ကင်းစင်လွန်းတယ်။

ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]Nơi câu chuyện tồn tại. Hãy khám phá bây giờ