Part-27( Uni / Zawgyi)

16.4K 954 73
                                        

ရိပေါ်ဒေါသထွက်ထွက်နဲ့ ကားမောင်းပြီးထွက်လာလိုက်တာ ဘားတစ်ခုဆီသို့။ သူဒေါသထွက်ပြီး စိတ်အလိုအလျှောက် ရှောင်းကျန့်အပေါ် လက်ပါမိသွားသည်။ဒါမဖြစ်သင့်မှန်းသိပေမယ့် ဒေါသထွက်ချိန်တစ်ခဏလေးအတွင်းမှာ ဘာမှတွေးခေါ်နိုင်ခြင်းမရှိအောင်ကို လုပ်မိလုပ်ရာလုပ်လိုက်ခြင်းပင်။သူတို့နှစ်ယောက်တည်း ဘယ်သူနဲ့မှပတ်သတ်ခြင်းမရှိတဲ့ဆက်ဆံရေးဆို အဆင်ပြေပေမယ့် အခုလိုကြားလူပါလာရင် အမြဲရန်ဖြစ်စကားများရသည်။တစ်ခဏအတွင်းကြည်နူးခဲ့တာတွေလဲ ကြက်ပျောက်ငှက်ပျောက်။

ဒီနေ့မှကိုယ်ဝန်ကြောင့်ဝမ်းသာရတာတစ်ရက်တောင်မပြည့်သေး အခုလိုသူများကြောင့်ထပ်ပြီးပြသာနာတတ်ရပြန်သည်။ဒီပြသာနာက ရှောင်းကျန့်နဲ့ ဒီအကောင်ပတ်သတ်နေသမျှအခုလို စကားများနေရအုံးမှာပဲ။လူတစ်ယောက်က ရိုးသားပါတယ် မရိုးသားဘူးဆိုတာကို အပေါ်ယံကြည့်ရုံနဲ့ဆုံးဖြတ်လို့မရနိုင်ဘူး။ တခြားသူကရှောင်းကျန့်အပေါ် လှလို့ဘဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် မျက်လုံးနဲ့ဆွေကြည့်တာတောင် သူကသဘောကျတာမဟုတ်ဘူး။ အခုလို ပွေ့လိုက်ဖက်လိုက်၊ အလွန်အကျွံစိတ်ပူပြီး ဆက်သွယ်လိုက် လုပ်တာမျိုးတွေဆို လူသတ်ချင်တဲ့အထိ ဒေါသမထိန်းနိုင်အောင် ပေါက်ကွဲမိသည်။

ဒီလိုခံစားချက်တွေဖြစ်ရတာ ကိုယ့်အမှားမဟုတ်ဘူး။ စိတ်ချမရတဲ့လူတွေကြောင့် မရိုးသားတဲ့လူတွေကြောင့် အခုလိုဖြစ်ရတာ။လီဟန်ရှင်းနဲ့တင် သူတော်တော်ကြောက်လန့်သွားခဲ့ရခြင်းပင်။ ရှောင်းကျန့်ကို သူအရမ်းချစ်တယ်။ထားရက်စရာမရှိအောင်ကို သဘောကျတယ်။မတတ်သာလွန်းလို့သာ ဒီကျောင်းကို စိတ်ချမ်းသာပါစေတော့ဆိုပြီး တက်ခိုင်းခဲ့ရတာ။ သူကိုယ်တိုင်လည်းအလုပ်တွေအများကြီးနဲ့မို့။

အခုတော့ဖြင့် ဟိုကြာကူလီအကောင်ကြောင့် အေးချမ်းတဲ့သူတို့ဘဝထဲ စောက်ပြသာနာကယူဆောင်လာပြန်ပြီ။ ကျောင်းထွက်ခိုင်းရင်လဲ ပြသာနာအကြီးအကျယ်တတ်ရအုံးမယ်။ သဘောမကျတဲ့လူနဲ့မပေါင်းနဲ့ဆိုတော့လည်း လူကောင်းပါဆိုပြီး ကလန်ကဆန်လုပ်ပြန်တယ်။ သူဖြင့် ဘယ်လိုကိုင်တွယ်ရမှန်းမသိအောင် ရူးတော့မယ်။ခလေးနဲ့မို့ အတင်းအကြပ်ဖိအားတွေပေးလို့ကလဲမရ။ ရိပေါ်သက်ပြင်းတွေချရင်း bar counter က ဝီစကီတစ်ခွက်မှာကာ ရေခဲမထည့်ဘဲ တစ်ချိုက်ထဲ မော့သောက်လိုက်သည်။ ဝီစကီရဲ့ပြင်းရှခါးသတ်တဲ့အရသာနဲ့အတူ သူ့ရင်ထဲကအပူတွေပါ တစ်ခါတည်းပျောက်ရှုသွားရင်ကောင်းမယ်။

ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]Место, где живут истории. Откройте их для себя