Part-47 ( Uni / Zawgyi)

10.8K 631 30
                                    

ရှောင်းကျန့်ကိုယ်ဝန်ဖွားဖို့တစ်ပတ်အလို။ ရိပေါ်တစ်ယောက်တည်းအလုပ်များကာနေတော့သည်။ စော်အောမူကြိုပို့ရ၊အလုပ်တစ်ဖက်ပြေးရ၊နေ့လည်စာစားချိန်အိမ်ကိုအမှီပြန်ရနဲ့ သူတော်တော်လေးအလုပ်များနေသည်။အလုပ်ကသူရဲ့မပြီးပြတ်သေးတဲ့ တာဝန်တွေမိုက ဒီကာလမှာမှလာပြီးဝန်ပိနေသည်။

ကိုယ်ဝန်သည်ကိုအိမ်မှာစိတ်မချတာတစ်မျိုး ၊တစ်နေ့တစ်နေ့စော်အောရဲ့ပြသာနာပေါင်းသောင်းခြောက်ထောင်ကိုရှင်းရတာတစ်မျိုးနဲ့ သူ့မှာလက်မလည်နိုင်။တဖြည်းဖြည်း လကြီးလာတဲ့စော်အောက နည်းနည်းတော့ဇာတိပြလာသည်။ကျောင်းမှာလူစွာလုပ်ပြီး နည်းနည်းမှသူ့အပေါ်သေးသေးတင်မခံ။သူကကျောင်းမှာ သူ့ထက်သုံးလကျော်လောက်ကြီးတဲ့ဟွားဟွားရဲ့အကိုကြီးနေရာကိုတာဝန်ယူသည်။

ကလေးကလေးချင်းဆော့လို့ထိခိုက်ပွန်းပဲ့တာကအစ သီးမခံ။အသားနာတာနဲ့ တစ်ဖက်ကလေးကိုဦးအောင်အရင်ဆော်သည်။ဟွားဟွားနဲ့တခြားကလေးနဲ့ဆော့ရင်လည်း သူမကြိုက်။တစ်ဖက်ကလေးကိုရန်လိုလွန်းသည်။အမြဲလက်ပါလို့ ကျောင်းမှာလိုက်ဖြေရှင်းရပေါင်းလဲမနည်း။ဒီလိုဆက်ဆက်ကြဲအကျင့်ဆိုးတွေက သူနဲ့တထေရာတည်းလာတူနေတော့ သူ့မှာအခက်သား။

ရှောင်းကျန့်ကို ကိုယ်ဝန်သုံးလေးလလောက်ကတည်းက စော်အောကျောင်းပို့ကျောင်းကြို ခလေးနဲ့ပတ်သတ်တဲ့ကိစ္စအကုန်လုံးကို ရိပေါ်ကဘာမှမလုပ်ခိုင်းတော့တာမို့ စော်အောကျောင်းမှာဖြစ်ပျက်သမျှအကုန် ရှောင်းကျန့်မသိ။မသိအောင်လည်းတမင်ဖုံးထားရခြင်းဖြစ်သည်။ ရှောင်းကျန့်ကစော်အောကိုချစ်ပေမယ့် စည်းနဲ့ဘောင်နဲ့ အကုန်သတ်မှတ်ပြီးနည်းစနစ်တကျမှန်မှန်ထားသည်။

စော်အောကရှောင်းကျန့်ကိုကြောက်ရတော့ အိမ်မှာဆိုအကုန်သူ့အချိန်နဲ့သူ စားသောက်ချိန် ကစားချိန်နဲ့ အိပ်ချိန်ကအစအကုန်မှန်သည်။ရှောင်းကျန့်ရှေ့ကျရင်ပြားပြားဝပ်။မဝပ်တာကသူ့ရှေ့မှာဘဲ။သူ့ကိုဆိုစော်အောကလုံးဝမကြောက်။အမြဲဂျစ်တိုက်ကာ လိုချင်တာမရရအောင်ပူဆာသည်။အဲ့လိုမျိုးရှောင်းကျန့်ရှေ့ကြ သွားမပူဆာရဲ။

ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]Tempat cerita menjadi hidup. Temukan sekarang