Part-36 (Uni/ Zawgyi)

14.4K 859 46
                                        

ရှောင်းကျန့်ရိပေါ်ကိုစောင့်ရင်း စာကြည့်နှင့်နေလိုက်သည်။ မကြာခင်ဖြေတော့မယ့်စာမေးပွဲအတွက် ရှောင်းကျန့်မှာ လိုအပ်တဲ့ ဘာသာရပ်တွေအပေါ်အချိန်အနည်းငယ်ပေးဖြစ်နေသည်။ရှောင်းကျန့်အချိန်ကိုလှမ်းကြည့်တော့ ရှစ်ခွဲနေပြီဖြစ်သည်။ ဒီအချိန်ဆို ဝန်ထမ်းတွေအကုန် အနားယူကုန်ပြီမို့ တစ်အိမ်လုံးမှာ သူတစ်ယောက်တည်းသာ ကျန်ရစ်နေခဲ့သည်။

အခန်းထဲစာကြည့်နေပေမယ့် တစ်ဖက်မှာလည်း ရိပေါ်ကိုမျှော်နေမိသည်။ ရုတ်တရက်အထဲကနေ တွန်းပြီးရုန်းလာတဲ့ စော်အောလေးကြောင့် ဆုံလည်ထိုင်ခုံရဲ့နောက်ကို မှီချလိုက်ရင်း လက်တစ်ဖက်ကလည်း ဗိုက်ပေါ်ဖိကိုင်လိုက်သည်။ညတိုင်းလှုပ်နေကြဆိုပေမယ့် အခုနောက်ပိုင်းစော်အောလေးက ဗိုက်ကိုအပေါ်အောက်ရွေ့သည်အထိကို ပြင်းပြင်းထန်ထန်လှုပ်ရှားသည်။ အရမ်းမနာပေမယ့်တော့ နေရတာသက်သောင့်သက်သာတော့မဖြစ်။ရှောင်းကျန့်သူ့ဗိုက်ဖောင်းသွားတဲ့နေရာကိုလက်နဲ့အပေါ်ကနေလိုက်တို့ထိရင်း

" အရမ်းညောင်းနေပြီလား ။ ပါပါးလည်း စော်အောလေးကိုတွေ့ချင်နေပြီ။ "

ရှောင်းကျန့်လက်လှုပ်ရာကိုသိသိသာသာတွန်းကန်လာတာကြောင့် ရှောင်းကျန့်ပြုံးလိုက်ပြီး အင်္ကျီကိုလှန်တင်ကာ ရွေ့လျားနေမှုကို ကြည့်နေလိုက်သည်။

" ဒီနေ့မင်း ဒယ်ဒယ်ကနောက်ကျနေတယ်။ ပါပါးသားလေးက ပါပါးကိုအဖော်ပြုပေး "

ရှောင်းကျန့်စော်အောလေးနဲ့စကားပြောရင်း ရိပေါ်ကိုထိုင်စောင့်နေမိသည်။ စော်အောလေးကလည်း ဒီနေ့မှ ဗိုက်ထဲမှာအချိန်တော်တော်ကြာလှုပ်ရှားကာ အဖော်ပြုပေးသည်။

ရိပေါ် ဆေးရုံကအပြန် ပါပါးလှမ်းခေါ်လို့ အိမ်ဝင်နေတာမို့ အိမ်ပြန်ချိန်နောက်ကျသွားသည်။ ရိပေါ်ဒီပတ်အတွင်းမှာပဲ ရာထူးတိုးတာမို့လို့ ပါပါးကလှမ်းခေါ်ခြင်းဖြစ်သည်။ ကုမ္မဏီမှာ ပါပါးနဲ့သိပ်မတွေ့ဖြစ်တာမို့ အိမ်ကိုခေါ်ပြီးတွေ့ယူရတဲ့အထိ။ရိပေါ်အခုချိန်မှာ အာရုံကအဘက်ဘက်မှာဖြန့်ကျက်ထားရသည်။ အလုပ်ကိုလည်းအာရုံစိုက်ရသလို ရှောင်းကျန့်ကိုလည်း တစ်ယောက်တည်းစိတ်မချလို့ ဂရုစိုက်ရသေးသည်။ ဒါ့အပြင် ကျောင်းကိစ္စနဲ့ ယခုအခါထပ်ပြီး rut ကိစ္စပါထပ်ထိုးလာတော့ သူ့မှာအားလပ်တယ်လို့ကိုမရှိဦးနှောက်ရော လူရော အလုပ်ဆက်တိုက်ပေးနေရသည်။

ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]Onde histórias criam vida. Descubra agora