ရိပေါ်မှာ ဟောက်ရွှမ်းဖုန်းဆက်ခေါ်တာကြောင့် ကလပ်ကို သွားဖို့ပြင်ဆင်လိုက်သည်။ ဖုန်းထဲကကြားနေရတဲ့အသံက တော်တော်လေးတော့အခြေနေမကောင်း။ ဒီကောင်မူးရူးကွဲပြဲပြီး ကလပ်မှာပြသာနာတတ်နေခြင်းဖြစ်သည်။ ဒါကြောင့်ပဲ ရိပေါ်မှာ အလုပ်ကနေအိပ်ရောက်ပြီးမှ နောက်တစ်ခေါက်ထပ်ထွက်ရသည်။ ရိပေါ်အဝတ်စားအမြန်လဲပြီး ကားသော့ယူကာ ထွက်တော့
" ရိပေါ် အရေးကြီးသုတ်ပျာနဲ့ဘယ်လဲ "
" ဟောက်ရွမ်းရန်ဖြစ်နေလို့ ပွဲဘယ်လောက်ကြီးလဲတော့မသိဘူး တော်တော်လေးထိနေတယ်ထင်တယ်။ ကိုယ်အမြန်သွားမှရမယ်"
ရှောင်းကျန့်မှာစော်အောလေးကိုချီထားရင်း ရိပေါ်နောက်ပြေးလိုက်ရသည်။ ကားပါကင်ထဲဆင်းသွားတဲ့ရိပေါ်က သူ့ပြိုင်ကားအနက်ရောင်ကိုထုတ်ပြီး ကားနောက်ခန်းထဲ ဘေ့စ်ဘောတုတ်တွေ တင်နေတာမို့ ရှောင်းကျန့်မှာ မျက်လုံးပြူးမျက်စံပြူးဖြစ်လာကာစိုးရိမ်လာသည်။
"ရိပေါ် အဲ့တာတွေဘာလုပ်ဖို့လဲ! "
" ဘာလုပ်ရမှာလဲ ဒီတုတ်နဲ့သေအောင်စော်မလို့ပေါ့ ။ သူတို့လူဘယ်လောက်ရှိမှန်းလဲမသိဘဲနဲ့ လက်ဗလာနဲ့သွားရင် ပြန်အဆော်ခံရလိမ့်မယ် "
ရိပေါ်ကဒေါကြီးမောကြီးနဲ့ သံတုတ်တွေပါ တင်ကာ ကားပေါ်တက်သွားသည်။ ရှောင်းကျန့်မှာရင်တွေတလှပ်လှပ်တုန်ကာ ရိပေါ်တစ်ခုခုဖြစ်သွားမှာစိုးရိမ်ကာ အနားကနေတောက်လျှောက်လိုက်တားနေမိသည်။
"ရိပေါ်မသွားပါနဲ့ ရဲခေါ်ရင်ခေါ်လိုက်ပါ ။ ငါနဲ့စော်အောကို စိုးရိမ်ရအောင်မလုပ်ပါနဲ့ "
ရိပေါ်ကားစက်နှိုးနေရင်းမှ အပြင်က ရှောင်းကျန့်နဲ့စော်အောကို လက်နဲ့ပွတ်သပ်ကာ
" ကိုယ်ဘာမှဖြစ်လာမှာမဟုတ်လို့စိတ်မပူနဲ့ ယွီပင်းကိုလည်းခေါ်ထားပြီးပြီမို့ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး။ စိတ်ချလက်ချသာနေ ကိုယ်သွားပြီ "
" ရိပေါ်!..."
ဝမ်ရိပေါ်က ကားကို အသားကုန်မောင်းကာ ထွက်သွားသည်။ ရှောင်းကျန့်မှာ ကားရဲ့အသံကြောင့် လန့်သွားတဲ့ စော်အော်လေးကိုချော့ရင်း ရိပေါ်ရဲ့ကားနောက်ဖက်ကိုသာ လှမ်းကြည့်နေမိသည်။ သူဒီတိုင်းနေနေလို့တော့မဖြစ်ဘူး ။ကျိရန်ကိုဖုန်းဆက်ကာပြောဖို့ အပေါ်ကိုပြန်တက်လာလိုက်သည်။ ပြီးတော့ မာမားတို့ကိုလည်း ဒီအကြောင်းလှမ်းပြောကာ အကူညီတောင်းရမည်။ ရိပေါ်ကိုသူစိတ်မချဘူး။ ဒေါသထွက်နေတဲ့ ရိပေါ်ရဲ့မျက်လုံးတွေကို သူသေချာပေါက်မြင်လိုက်သည်။
أنت تقرأ
ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]
أدب الهواة🚨🚨 For yizhan only . Take care of your reading list. ခပ်ကြမ်းကြမ်းအသုံးနှုန်းများပါမှာမို့ sensitive သမားများ မဖတ်ဖို့ ကြိုတင် warning ပေးပါတယ်။ mature on ထားပါတယ်။ Mepreg ပါ။Possessive,rapeနဲ့ sex ခပ်ကြမ်းကြမ်းတွေပါတာမို့ သတိထားဆင်ခြင်ဖတ်ရှူစေချ...