Part-42 ( Uni / Zawgyi)

11.9K 676 50
                                    

ရိပေါ် အလုပ်ရဲ့နေ့လည်စာစားချိန်မှာ ရှောင်းကျန့်ကို အိမ်ပြန်ခေါ်ပြီး suit ချုပ်ပေးဖို့အတွက် အပြင်ကိုခေါ်ထုတ်လာသည်။ခလေးတစ်ဖက်နဲ့ရှောင်းကျန့်က ကားပေါ်မှာ ငြိမ်ငြိမ်သက်သက်လိုက်ပါလာသည်။ ရိပေါ်ဆိုင်ရှေ့ရောက်တော့ ကားရပ်လိုက်ပြီး ရှောင်းကျန့်လက်ထဲကစော်အော ကိုလက်ပြောင်းယူလိုက်သည်။ ဆိုင်ထဲဝင်လာတဲ့ ခပ်ချောချောကောင်လေးနဲ့ သူ့ဘေးက ခလေးချီထားတဲ့ မျက်နှာတည်တည်နဲ့ ခပ်ဖြောင့်ဖြောင့်လူနှစ်ယောက်လုံးက ကြည့်တာနဲ့အတွဲတွေဆိုတာသိသာလွန်းသည်။

ပခုံးပေါ်က အိပ်ခါပါလာတဲ့ခလေးလေးက ချီထားတဲ့လူနဲ့မျက်နှာပေါက်ဆင်သည်။ကြည့်ရတာဒီခလေးလေးက သူ့တို့နှစ်ယောက်ရဲ့ခလေးဖြစ်မည်လို့ ဝန်ထမ်းကောင်မလေးတွေက တိုးတိုးတိတ်တိတ်ဝေဖန်ရေးလုပ်နေကြသည်။လိုက်ဖက်လွန်းတဲ့သူတို့နှစ်ယောက်ကို အငေးလွန်နေတာမို့ ဝင်လာကတည်းက နှုတ်ဆက်ဖို့မေ့နေတဲ့အထိ။

ရိပေါ်ရှောင်းကျန့်ကို ဆိုဖာပေါ်ခဏထိုင်စေလိုက်သည်။ အဲ့တော့မှဝန်ထမ်းကောင်မလေးတွေထဲကတစ်ယောက် အနားရောက်လာပြီး

" ဒီကအကိုလေး အပူသောက်မလား အအေးသောက်မလားရှင့် "

ဝန်ထမ်းကောင်မလေးက ဝန်ဆောင်မှုအရ ဧည့်သည်ကိုအရင်ဆုံးဧည့်ခံရသည်။ ရှောင်းကျန့်ကအားနာတာမို့ ခေါင်းခါပြလိုက်ပြီး

"နေပါစေ ကျွန်တော်မသောက်တော့ပါဘူး "

ရိပေါ်ကတော့ ခလေးချီထားရက်နဲ့ဘဲ ရှောင်းကျန့်ဘေးဝင်ထိုင်လိုက်ပြီး

" ဆိုင်ရဲ့ desienger ကိုတစ်ချက်လောက်ခေါ်ပေးပါ "

ကောင်မလေးက ခေါင်းငြိမ့်ပြပြီးတာနဲ့ အပြေးသွားခေါ်ပေး၏။ဆိုင်အတွင်းထဲမှထွက်လာတဲ့ desienger က ရိပေါ်ကိုမြင်တာနဲ့ အမြန်အနားကိုပြေးလာကာ

" သခင်လေး စောင့်နေရတာကြာသွားပြီလား။ အထဲမှာအင်္ကျီညှပ်နေလို့ ခဏကြာသွားတယ်။ တစ်ကယ်တောင်းပန်ပါတယ် "

ဆိုင်ရှင်က ရိပေါ်ကိုအားနာပါးနာနဲ့တောင်းပန်လာသည်။ ရိပေါ်က သူ့ဆိုင်ရဲ့အဓိကဖောက်သည်။ရိပေါ်မှမဟုတ်ဘူး ဝမ်အိမ်က တစ်မိသားစုလုံး သူ့ဆီမှာချုပ်နေကြ။ ဟိုတစ်ခါမင်္ဂလာပွဲတုန်းကလည်းသူပဲ ချုပ်ပေးထားတာဖြစ်သည်။ ဝမ်သခင်လေးရောက်နေမှန်းမသိလို့ အထဲမှာလုပ်လက်စပြီးမှထွက်လာခဲ့ခြင်းဖြစ်သည်။ အပြင်ထွက်လာလာခြင်းမြင်လိုက်ရတဲ့ မျက်နှာကြောင့်လန့်သွားကာ အားနာပြီး သူ့မှာခါးကျိုးမတတ်တောင်းပန်နေရ၏။သခင်လေးကစောင့်ရတာကြိုက်တဲ့သူမဟုတ်။ဇိုးဇက်သမားဆိုတော့ သူလည်းကြောက်ရသည်။

ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]Tempat cerita menjadi hidup. Temukan sekarang