Part- 9 ( Uni / Zawgyi)

20K 1.2K 62
                                    

ဒီနေ့ ရိပေါ် သူ့မိဘတွေနဲ့ ရှောင်းကျန့်တို့ဆီသွားတောင်းရမ်းဖို့ သွားနေတဲ့ ချုံချင်းလမ်းမထက်မှာပင်။ပါးပါးမားမားက ကားတစ်စီး ၊ သူတို့နှစ်ဦးကတစ်စီး မောင်းကာ ရှောင်းကျန့်မိဘများရှိတဲ့နေရာကို ကားလေးနဲ့အပြေးနှင်ကြတယ်။

ဝမ်ရိပေါ်ကားမောင်းနေရင်း ရှောင်းကျန့်ဘက်ကိုကြည့်လိုက်တော့ မျက်နှာလေးက သူ့ကိုအမြဲဂျစ်တိုက်နေကြပုံစံလေး မဟုတ်တော့ဘဲ ပြုံးရွှင်ဝင်းပနေတယ်။ ကြည့်ရတာ သူ့မိဘတွေကို တွေ့ရတော့မှာကြောင့်ထင်တယ်။ ဝမ်ရိပေါ်ပါ ပြုံးမိသွားပြီး အာရုံကို ကားလမ်းမပေါ်ပြန်ပို့ထားရင်း

" မိဘတွေကို တွေ့ရမှာပျော်လား အဲ့လောက်တောင် "

စကားသံလာရာဘက် ရှောင်းကျန့်လှည့်ကြည့်ပြီး ပြုံးပြလိုက်တယ်။တစ်ဆက်ထဲမှာဘဲ ခေါင်းလဲငြိမ့်ပြလိုက်တယ်။

" ငါဒီကိုစရောက်ထဲက မားမားတို့နဲ့မတွေ့ရတာလေ။ဖုန်းအဆက်သွယ်ရှိပဲခဲ့တာ။အခုပြန်တွေ့ရမယ်ဆိုတော့ ငါဝမ်းသာတာပေါ့ "

ဝမ်ရိပေါ်ကပြုံးလိုက်ပြီး

" အဲ့တာဆို မင်းကိုယ့်ကို ကျေးဇူးမတင်သင့်ဘူးလား"

ဝမ်ရိပေါ်အမေးကြောင့် ရှောင်းကျန့်ပြုံးနေတဲ့မျက်နှာလေးက ချက်ချင်းနှုတ်ခမ်းဆူပြီး ရိပေါ်ဘက်ကို မျက်စောင်းလှမ်းထိုးတယ်။

" ကိုယ်မေးနေတယ်လေ "

" ဘာလို့ငါက မင်းကိုကျေးဇူးတင်ရမှာလဲ "

" ဟက် "

ရှောင်းကျန့်ရဲ့ပြောင်းလဲသွားတဲ့ဘောက်ဆက်ဆက်လေသံကြောင့် သူအသံထွက်အောင်ရယ်မိလိုက်တယ်။ ရှောင်းကျန့်က တစ်ကယ့်ခလေးလိုပဲ။နှုတ်ခမ်းဆူပြီးကောက်တတ်သေးတယ်။လူအများနဲ့ဆို အေးစက်စက်ပုံစံဖြစ်နေတတ်တဲ့ ရှောင်းကျန့်က သူနဲ့ဆို မာန်ဖီနေတဲ့ခွေးပေါက်လေးနဲ့တူတယ်။

ဘာပြောပြောဘယ်တော့မှအကောင်းပြန်မပြောဘူး။ရန်ပြန်တွေ့ပြီး အမြဲဂျစ်တိုက်တယ်။ပြီးတော့ အငိုလည်းတအားသန်သေးတယ်။နဲနဲလေးအသံမာတာနဲ့ ငိုတော့တာပဲ။ခြိမ်းခြောက်ရင်လည်း ကြောက်တတ်တာ သူ့အပြင်နှစ်ယောက်မရှိ။

ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]Место, где живут истории. Откройте их для себя