Part-34 ( Uni/ Zawgyi)

11.9K 795 68
                                    

အဆင့်မြင့်ဆေးရုံရဲ့ခြောက်ထပ်မြောက် သားဖွားမီးယပ်အထပ်မှာတော့ ခြေချင်းလိမ်နေတဲ့ဆရာဝန်တွေက အပြေးအလွှား။ အထဲကနာနာကျင်ကျင်နဲ့အော်ဟစ်ညည်းညူသံတွေက အပြင်မှာရှိနေတဲ့ မိသားစုဝင်တွေရဲ့ စိတ်အစုံကိုစိုးရိမ်မှုတွေပေးတယ်။ မီးဖွားနေတဲ့ omega လေးက တစ်ချက်တစ်ချက် စူးအောင့်လာတိုင်း အသံကွဲမတတ်အော်ငိုတယ်။ နောက်ပိုင်းနာလာတာစိတ်လာတဲ့အခါမှာတော့ ရှိသမျှအိပ်ယာခင်းစကို အားကုန်ဆွဲပြီး သူ့ခင်ပွန်းသည်နာမည်ကို ထုတ်ပြီးအားကိုးတကြီးအော်ခေါ်တော့တယ်။

ဟောက်ရွှမ်း လက်နှစ်ဖက်ကိုပူးကိုင်ပြီး စိတ်လှုပ်ရှားစွာနဲ့ ဆေးရုံcorridor ရှေ့ ရှေ့လျှောက်နောက်လျှောက်ပြုလို့နေတယ်။ကျိရန်ရဲ့အော်သံကြားတိုင်း သူ့မှာနှလုံးပြုတ်ထွက်တော့မတတ်ဘဲ။ နောက်ပိုင်းခပ်စိတ်စိတ်ထွက်လာတဲ့အော်သံတွေနဲ့ သူ့နာမည်ကို တပြီးအော်ငိုသံအဆုံးမှာတော့ သူဒီတိုင်းရပ်မနေနိုင်တော့ဘူး။ သူ့အခုအဲ့အရေးပေါ်အခန်းထဲဝင်သွားမှဖြစ်တော့မယ်။ အချစ်က သူ့ကိုအရမ်းလိုအပ်နေတယ်။ အချစ်အရမ်းနာကျင်နေတယ်ဆိုတာ သူမခံစားရပေမယ့် အဲ့အရာကသေမတတ်နာကျင်နေတယ်ဆိုတာသူသိတယ်။

ဟောက်ရွှမ်းမျက်ရည်တွေရော ချွေးတွေရောထွက်နေပြီး သူ့နှလုံးခုန်သံက ပုံမှန်မဟုတ်တော့ဘူး။နောက်ဆုံးသူပါ အထဲထိလိုက်ဝင်သွားတော့တယ်။ အပြင်မှာတော့ သု့ကိုဝိုင်းတားရင်းကျန်ခဲ့တဲ့ ပါးပါးနဲ့မားမားရဲ့ အော်သံတွေကိုလည်းလျစ်လျှူရှုခဲ့တယ်။သူဝင်လာတာနဲ့ တာဝန်ကျဆရာတွေက ဝင်ခွင့်မရှိကြောင်း ဝိုင်းတာလာကြပေမယ့် သူ့အကြည့်တစ်ချက်နဲ့သာ အကုန်လုံးကိုသတိပေးလိုက်တယ်။ဒီအချိန်မှာ သူ့ကိုဘယ်သူတားရဲလဲ။ တားရဲတဲ့သူရှိရင် တားဆီးကြည့်လိုက်။ဒီဆေးရုံပါ ရပ်တည်လို့မရအောင်လုပ်ပစ်မယ်။

တားဆီးမရပုံပေါ်တဲ့ ခလေးအဖေကြောင့် သူနာပြုတွေကဆက်ပြီးမတားဆီးတော့ဘူး။ အဲ့အစား မွေးလူနာနားကပ်ဖို့ ပြင်ပပိုးတွေမဝင်နိုင်အောင် ခန္ဓာကိုယ်ကိုယ်ကို ပိုးသတ်ဖို့လို့တယ်။ဒါကလုပ်ကိုလုပ်ရမယ့်အရာဘဲ။ ငြင်းဆန်ခြင်းမပြုရဘဲ ဒီစည်းကမ်းကိုလိုက်နာရမယ်။တာဝန်ကျသူနာပြုက ဟောက်ရွှမ်းကို ပိုးသတ်ခန်းထဲ ဦးဆောင်ပြီးခေါ်သွားတယ်။သူနာပြုက ပိုးသတ်ထားတဲ့ ဝတ်စုံအပြာကို လက်ထဲထည့်ပေးလိုက်ပြီး ခေါင်းစွပ်နဲ့ ခြေစွပ်ပါ ပေးလိုက်တယ်။သေချာကြည့်မယ်ဆိုရင်တော့ အခုသူနာပြုတွေဝတ်ထားတဲ့ပုံနဲ့တစ်ပုံစံထဲဘဲ။

ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]Onde histórias criam vida. Descubra agora