Part-31 (Uni / Zawgyi)

15K 854 76
                                        

ရှောင်းကျန့်အောက်ထပ်မှာ ကြီးယွမ်အနား ကူလုပ်နေရင်း စားချင်တာလေးတွေ ချက်နေလိုက်သည်။ အခုနောက်ပိုင်း ရှောင်းကျန့် ကျောင်းပိတ်ရက်တွေမှာ ဟင်းချက်တာလေ့လာဖြစ်နေသည်။ ဒီအိမ်ရောက်ကတည်းက မီးဖိုချောင်လုံးဝမဝင်ဖြစ်ရသေးတာမို့ အခုနောက်ပိုင်း ကိုယ်တိုင်မီးဖိုချောင်ဝင်ကာ ချက်ပြုတ်စားသည်။ ရိပေါ်ကမလုပ်စေချင်ပေမယ့် သူကတော့ ရိပေါ်ကို ကိုယ်တိုင်ချက်ထားတဲ့လက်ရာလေးတွေကိုမြည်းစမ်းစေချင်သည်။ ဒီနေ့လည်း မနက်ကတည်းက ကြီးယွမ်နဲ့အတူ စျေးလိုက်ဝယ်ကာ မီးဖိုချောင်အတူဝင်နေကြခြင်းပင်။

ဒီနေ့အိမ်ကို ကျိရန်တို့လာမယ်ဆိုတာကြောင့် ကိုယ်တိုင်ဟင်းတွေကိုစီမံနေလိုက်သည်။ နောက်လထဲမွေးတော့မယ့် ကျိရန်က အခုထိ အပြင်တွေသွားလာလှုပ်ရှားနေတုန်း။ ကိုယ်ဝန်ကမိန်းခလေးလို့သိရတော့ ဟောက်ရွှမ်းမှာဖင်တကြွကြွ။ မွေးလာရင် ဟောက်ရွှမ်းကို ယောက်က္ခမတော်မယ့် ယွီပင်းကြောင့် သူတို့ရန်ဝိုင်းလေးက မျက်နှာစုံတိုင်း အသံဆူဆူကြားရသေးသည်။ ကိုယ်ကသားယောက်ကျားလေးမှန်းသိတော့ ယွီပင်းကတော့ ရိပေါ်ကို ယောက္ခမ မတော်ရတာ ဝမ်းနည်းကြောင်း ကြံဖန်စတတ်သေးသည်။အဲ့လိုချိန်ဆို ရိပေါ်ရဲ့ ဆဲဆိုသံက အိမ်မှာညံလို့။ သူ့မှာ တစ်ကယ်မပေးရတဲ့ သားယောက်ကျားလေးအတွက်တောင် သဝန်ကြံဖန်တိုနေသေးသည်။ရှောင်းကျန့်အရင်ကနေ့ရက်တွေအကြောင်းပြန်တွေးမိတော့ နှုတ်ခမ်းထက်ကအပြုံးက ဝင့်နေတော့သည်။

ရိပေါ်အပေါ်ရှပ်အပွနဲ့အောက်က ဒူးအတိုခပ်ပွပွဘောင်းဘီဝတ်ကာ အောက်ထပ်ကိုဆင်းလာလိုက်သည်။ဧည့်ခန်းထဲမှာလည်းမရှိ အိပ်ခန်းထဲလည်းမရှိတဲ့ရှောင်းကျန့်ကြောင့် ရိပေါ် မီးဖိုချောင်ထဲဝင်လာလိုက်သည်။ အနောက်မှာခပ်ကုပ်ကုပ်နဲ့အလုပ်လုပ်နေတဲ့ ရှောင်းကျန့်ကြောင့် ရိပေါ်မျက်ခုံးတွေအလိုမကျသလိုတွန့်ချိုးသွားသည်။ အဲ့တာတွေမလုပ်ပါနဲ့ဆို ဘယ်လောက်ပြောပြော မရဘူး။ ပြီးရင် အပြင်သွားစရာရှိသေးတဲ့ဟာ။

ရိပေါ်အနောက်ကနေ ခါးပျောက်နေတဲ့ ဗိုက်ပူပူလေးကို အသာဖက်လိုက်တော့ အနောက်ကို ကိုယ်ရို့ကာ လှည့်ကြည့်လာသည်။ ရိပေါ်ပခုံးပေါ်မေးတင်ထားလိုက်ရင်း နှာခေါင်းနဲ့ လည်ပင်းကို တရှံ့ရှံ့နမ်းနေလိုက်သည်။

ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]Where stories live. Discover now