ရှောင်းကျန့်ဆေးရုံဆင်းပြီး ခြောက်လအကြာမှာတော့ သူ့လက်ရော ခြေထောက်ရော ပုံမှန်အတိုင်းပြန်သုံးနိုင်ခဲ့ပြီ။ Final စာမေးပွဲလဲ ဖြေခဲ့ပြီးပြီ။ သူ့သူငယ်ချင်း ကျိရန်လဲ ဟောက်ရွှမ်းနဲ့ လွန်ခဲ့သော နှစ်လလောက်ကပဲ လပ်ထပ်ပြီးသွားလို့ ပထမ ကိုယ်ဝန်ကို ဆောင်နေခဲ့ပြီ။ ဟောက်ရွှမ်းက အိမ်ထောင်ကျပြီးနောက်ပိုင်း ပိုတည်ငြိမ်သွားကာ ပိုရင့်ကျက်လာတယ်။ သူ့အဖေလုပ်ငန်းတွေမှာလဲ ဝင်ဦးစီးနိုင်နေပြီ။ လပ်ထပ်ပြီး နှစ်လအကြာမှာ မိသားစုဘဝလေး ထူထောင်နိုင်ခဲ့တဲ့ ဟောက်ရွှမ်းတို့ရဲ့သာယာတဲ့အိမ်ထောင်ရေးကိုကြည့်ပြီး သူအားကျမိသည်။ သူအစောကြီးထဲကသာ ဝမ်နဲ့ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်လုပ်ခဲ့ရင် အခုလိုအပျက်ပျက်နဲ့နှာခေါင်းသွေးထွက်ရမှာမဟုတ်ဘူး။
သူနောင်တရမိသည်။ ဝမ် ကိုတွေ့ချင်လွန်းလို့လဲရူးတော့မည်။နေ့တိုင်းနေ့တိုင်းပြန်လာနိုး ပြန်လာနိုးနဲ့ အိမ်ရှေ့ဧည့်ခန်းမှာ သိုးမွှေးထိုးရင်း နေ့တိုင်းအမျှော်မပြတ်ခဲ့ဘူး။ ဒီအိမ်ကြီးထဲမှာသူတစ်ယောက်တည်း။ခြောက်ခြားဖွယ်သိပ်ကောင်းသည်။ တစ်ယောက်တည်းဆိုတဲ့အတွေးက ကြာကြာနေလာတော့ လူက စိတ်ကျပါဝေဒနါပါခံစားလာရသည်။
ဝမ် ဆီက ဟော်မုန်းနံ့ကိုလဲ မရတာကြာခဲ့ပြီမို့ လဲပါသည်။ဟော်မုန်းနံ့ကိုမရရှိတဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ လူကအားနည်းလာပြီး မစားနိုင်မသောက်နိုင်ဖြစ်လာသည်။တမှိုင်မှိုင်တထွေထွေဖြစ်လာကာ အလိုလိုနေရင်း စိတ်အားငယ်လာသည်။ အချိန်တိုင်း သူ့mateကိုသတိရပြီး ပူဆွေးနေတတ်သည်။ အစောကြီးထဲက သူက တစ်ပါးသူတွေမမြင်အောင် သူ့စိတ်ခံစားချက်တွေ ဖုံးကွယ်တတ်သူမို့ သူအဆင်မပြေတဲ့ အရာတွေကို သူ့မိဘတွေရှေ့မှာရော ရိပေါ်မိဘတွေရှေ့မှာပါ သူ့ရဲ့အဆင်မပြေမှုတွေကို ဖုံးကွယ်ထားရင်းအမြဲတမ်းဟန်လုပ်ပြီးပြုံးနေခဲ့တယ်။.
တစ်ယောက်ထဲနေရင် အထီးကျန်မှာကြောက်တဲ့ နှစ်ဖက်မိဘတွေက သူတို့အိမ်မှာ လာနေဖို့ခေါ်ကြပေမယ့် သူအကြိမ်ကြိမ်ငြင်းပယ်ခဲ့တယ်။ သူမားမားတို့အိမ်မှာသွားနေစဥ်အတွင်း ရိပေါ်သာအိမ်ရောက်လာခဲ့လို့ သူ့ကိုမတွေ့ရင် ဆိုတဲ့အတွေးနဲ့ အိမ်ထဲက အိမ်ပြင်တောင် ဒီခြောက်လအတွင်းမထွက်ခဲ့ဘူး။ ဒါကြောင့် သူ့ပုံစံက အိမ်မှာအနေများတော့ အသားရေကအရင်ကထက်ဖြူစွတ်လာသည်။ဆက်ကျော်သက်အရွယ်မို့လို့ အရပ်ကလဲ အရှည်မြန်သည်။ ဒါပေမယ့် သူအရင်ကထက်တော့အများကြီးပိန်သွားသည်။ အရင်လိုပါးဖောင်းဖောင်းလေးတွေမရှိတော့ဘူး။
![](https://img.wattpad.com/cover/288402834-288-k720510.jpg)
ВЫ ЧИТАЕТЕ
ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]
Фанфик🚨🚨 For yizhan only . Take care of your reading list. ခပ်ကြမ်းကြမ်းအသုံးနှုန်းများပါမှာမို့ sensitive သမားများ မဖတ်ဖို့ ကြိုတင် warning ပေးပါတယ်။ mature on ထားပါတယ်။ Mepreg ပါ။Possessive,rapeနဲ့ sex ခပ်ကြမ်းကြမ်းတွေပါတာမို့ သတိထားဆင်ခြင်ဖတ်ရှူစေချ...