Part-22 ( Uni / Zawgyi)

17K 1K 68
                                        

အချိန်နှစ်လကြာပြီးနောက် ဝမ် လဲ အလုပ်ခွင်မှာအသားကျနေသလို ရှောင်းကျန့်ကလဲ Uni first year စနေပြီဖြစ်တယ်။ရှောင်းကျန့်က အမှတ်ကောင်းတာမို့ နိုင်ငံခြားဘာသာ တက္ကသိုလ်ကို တက်ရောက်ခဲ့တယ်။ဂျပန်အထူးပြုယူခဲ့ပြီး ဝမ်ကတော့ ဘွဲ့တစ်ဘွဲ့ရရင်ပြီးရောဆိုပြီး Distance သာတက်ရောက်ခဲ့တယ်။ Distance မတက်လို့လဲမရ။ ဝမ်က အလုပ်တစ်ဖက်နဲ့ အလုပ်တွက်လိုအပ်တဲ့သင်တန်းတွေနဲ့ လုံးဝမအားလပ်နိုင်။ ညဘက်တွေပြန်လာရင် အရင်လို တီတီတာတာတောင်မပြောနိုင်တောဘူး။ ရေမိုးချိုး ထမင်းစားပြီးတာနဲ့ mac bookတစ်ခုနဲ့ တစ်ဖက်စာကြည့်ခန်းထဲ အလုပ်လုပ်နေရင်း ညဥ့်နက်မှ ဒီဘက်ခန်းထဲပြန်ကူးလာတတ်သည်။

ဝမ် သူတို့အခန်းပြန်လာတဲ့ထိ ရှောင်းကျန့်စောင့်ပေမယ့် နောက်ဆုံး သူလဲ စာကြည့်ပြီးတာနဲ့ အိပ်ပျော်သွားတာများသည်။ အခုလဲ ရှောင်းကျန့်စာကြည့်နေရင်း ဝမ်ကို ထိုင်စောင့်နေတာညဆယ့်နှစ်ခွဲနေပြီဖြစ်တယ်။ရှောင်းကျန့်အရမ်းအိပ်ချင်လာပြီး သန်းဝေလာတာမို့ကြည့်နေလက်စ စာအုပ်ကိုပိတ်လိုက်ပြီး တစ်ဖက်အခန်းက ဝမ့်ကိုတံခါးဟကာ သွားကြည့်လိုက်တော့ Macbook ပေါ် တတောက်တောက်နဲ့ ပြေးနေတဲ့ ဝမ့်ရဲ့လက်တွေ။ ရှောင်းကျန့်အခန်းထဲ ဝင်သွားတော့ သူ့ကိုခဏသာ မော့ကြည့်လာပြီး မျက်လုံးအကြည့်က Macbook ကိုပြန်ရောက်သွားသည်။

ရှောင်းကျန့် ဝမ့်ရှေ့ကစားပွဲပေါ်ဝင်ထိုင်လိုက်ပြီး

" ဝမ် မပြီးသေးဘူးလား အချိန်အရမ်းနောက်ကျနေပြီ "

" အင်း ဘေဘီ ကိုယ်ဒါလေး လက်စသတ်နေလို့၊ နည်းနည်းတော့ကြာအုံးမယ် ။ ဘေဘီ သွားအိပ်နှင့်တော့လေ "

" အဲ့တာဆိုလဲပြီးရော မြန်မြန်လက်စသတ်ခဲ့နော်။ငါအိမ်နှင့်တော့မယ်"

" အင်း "

ဝမ့်ဆီက အင်းတစ်လုံးသာ ကြားရပြီး ရှောင်းကျန့်လဲ တစ်ဖက်အခန်း ပြန်ခဲ့လိုက်တော့သည်။ဝမ်နဲ့ ဒီကြားထဲအတူမနေဖြစ်တော့ သွေးသားက တစ်ခါတစ်လေ တောင့်တပေမယ့် ဝမ်ကလဲသူ့ကိုမတောင်းဆိုတော့ သူမှာအခက်တွေ့လှသည်။ ကိုယ့်ဘက်ကလဲ စပြီးမတောင်းဆိုချင်။ ဝမ်ကညဘက်တွေဆို အခုလိုတွေအလုပ်တအားများတော့ သူတို့ အိပ်ယာပေါ်က ကိစ္စတွေဘက်ကို မြှားဦးတောင်မလှည့်နိုင်ခဲ့။ အခုတလော ဝမ့်နားမှာကောင်မလေးတစ်ယောက်ကို အမြဲတပူးပူးတတွဲတွဲတွေ့မိသည်။ အလုပ်တွဲလုပ်နေတဲ့သူလို့ ဝမ်က ပြောပေမယ့် ထမင်းစားချိန် အိမ်ပြန်ချိန်တို့တောင်တူတူစားတာ တူတူပြန်တာမျိုးရှိလာသည်။

ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]Nơi câu chuyện tồn tại. Hãy khám phá bây giờ