Part-4( Uni / Zawgyi)

18.2K 1.3K 65
                                    

ရှောင်းကျန့်အတန်းထဲ ပြန်ရောက်တော့ နောက်ဆရာတစ်ယောက်က ရောက်နှင့်နေပြီမို့ သူလည်း ပုံမပျက်ပန်းမပျက် ခွင့်တောင်းပြီး ဝင်ထိုင်လိုက်တယ်။အထိုးခံထားရတဲ့ ဟန်ရှင်းရဲ့ နှုတ်ခမ်းတောင့်ကတော့ သွေးစို့ပြီးဖူးယောင်လို့နေတယ်။သူကတော့ခုနက ရုတ်ချည်းဖြစ်သွားတဲ့အခြေနေတွေကြောင့် ရင်မဆိုင်ရဲစွာ ခေါင်းငုံ့ပြီး စာအုပ်ကိုပဲ အကြည့်ပို့ထားလိုက်တယ်။ အကြည့်က စာအုပ်မှာဆိုပေမယ့် စိတ်ကတော့ စာထဲမှာရှိမနေ။သူဒီလိုပုံစံ ခဏခဏဖြစ်နေတာ ဘယ်လိုလုပ်ရမလဲ။ ဒီဝမ်ရိပေါ်လက်ထဲက ဘယ်လိုရုန်းထွက်ရမလဲ။

" ရှောင်းကျန့် မင်းအဆင်ပြေရဲ့လား! သူမင်းကို ဘာလုပ်လိုက်သေးလဲ! "

ဘေးနာက အသံခပ်တိုးတိုးနဲ့မေးလာတဲ့ ဟန်ရှင်းစကားကို သူခေါင်းသာခါပြရုံသာတတ်နိုင်တယ်။အခုချိန်မှာ သူဘယ်သူနဲ့မှစကားမပြောချင်ဘူး။သူ့စိတ်တွေမွန်းကြပ်နေတယ်။ ရိပေါ်က ဟန်ရှင်းနဲ့မပတ်သတ်ရဘူးလို့ သူ့ကိုအမိန့်ထုတ်သွားတယ်။လိုက်မလုပ်ရင် ဘာဖြစ်မယ်ဆိုတာပါသိနေတာမို့ သူ့စိတ်ထဲ ဝမ်းနည်းပြီးငိုချင်လာတယ်။သူကအသက်ပြည့်ပြီးသား Omega တစ်ယောက်။အရာရာသူ့မှာ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။

ခုတော့ ဝမ်ရိပေါ်က သူ့အပေါ် ချယ်လှယ်ဖို့ကြိုးစားနေတယ်။ သူလို Omega က Alpha တစ်ယောက်ကို ဘယ်လို လွန်ဆန်နိုင်မှာလဲ။ဒီနေ့အဖို့ သူ့ကို Toilet ထဲပြုမူသွားတဲ့ အပြုမူတွေသာကြည့်တော့။သူဘယ်တုန်းကမှ သူ့ရဲ့ဖြစ်တည်မှုကို စိတ်မပျက်ဖူးဘူး။ဒါပေမယ့် ဒီနေ့ဖြစ်ရပ်အတွက် ပထမဆုံးအကြိမ် သူ့ကိုယ်သူရော သူ့ရဲ့ဖြစ်တည်မှုကိုပါ စိတ်ပျက်မိတယ်။

Alpha တွေက သူတို့သဘောကျသူကိုတွေ့ပြီဆိုရင် ထိုသူကိုမရရအောင် ပိုးပန်းကြတယ်။ပြီးတော့ သူတို့ရဲ့ mate အပေါ်သဝန်တိုစိတ်များတယ်။ရမ္မက်ကြီးတယ်ပဲပြောရမလား။ပိုင်ဆိုင်လိုစိတ်များတယ်။သူတို့ရဲ့ Omega တွေကို ထိန်းချုပ်ဖို့ ကြိုးစားကြတယ်။အနံ့တွေနဲ့သဘောကျလာအောင်ဆွဲဆောင်ကြတယ်။ဒီလိုလုပ်ရပ်က Omegaတွေပဲလုပ်ကြတာမဟုတ်ဘဲ Alphaအများစုကလည်းလုပ်ဆောင်ကြတယ်။

ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]Donde viven las historias. Descúbrelo ahora