Part- 21 ( Uni / Zawgyi)

20.9K 1.1K 48
                                        

ဒီနေ့ရှောင်းကျန့်ရဲ့ ဆေးရုံ ရက်ချိန်းပြရမယ့်နေမို့ ရိပေါ်မှာ မနက်ထဲက ပြင်ဆင်ကာ ရှောင်းကျန့်နဲ့အတူ ဆေးရုံကိုထွက်လာလိုက်တယ်။ရှောင်းကျန့်ကတော့ ကားပေါ်မှာ တစ်လမ်းလုံး အိပ်ပြီးလိုက်လာတယ်။ညကလဲသူအိပ်ရေးပျက်ထားတာကိုး။ ဝမ်မအိပ်ဘဲ ခံနိုင်ရည်ရှိနေတာကို သူတစ်ကယ်အံ့သြတယ်။ သူကတော့ အိပ်ရတာကို ကြိုက်တယ်။

ရိပေါ်ဆေးရုံရဲ့ parking နေရာ ကားဝင်ထိုးလိုက်ပြီး ကားစက်သတ်လိုက်တယ်။ အိပ်ပျော်နေတဲ့ ရှောင်းကျန့်ကြောင့်အသာအယာလှုပ်နှိုးလိုက်တယ်။ နို့မို့ လူများရင်မကောင်းဘူး။ တမင်လူရှပ်မှာစိုးလို့စောစောလာခဲ့တာ။

" ဘေဘီ ထတော့ ဆေးရုံရောက်နေပြီ "

ရှောင်းကျန့်တစ်ကယ်ထရမှာပျင်းနေတာပင်။ သူလုံးဝမထချင်သေးဘူး။ သူအိပ်ရေးမဝသေးပါဘူးဆို ရိပေါ်က အတင်းလာနှိုးနေတယ်။ ရှောင်းကျန့် ကားတံခါးကိုမှီကာ ခန္ဓာကိုယ်ပါစောင်းပစ်လိုက်သည်။ရိပေါ်ရှောင်းကျန့် ပေကပ်ကပ်လုပ်နေတာကြောင့်

" အေး! မထရင် ဟိုနာမည်ခေါ်မှာနော်.."

ရိပေါ်ခြိမ်းခြောက်လိုက်ပေမယ့် လုံးဝထမလာ။ ရိပေါ်ရှောင်းကျန့်နားနားထိ တိုးကပ်သွားလိုက်ပြီး

"ပုစိကွစိ. ပုစိကွစိလေး..ထအုံး! နေမပူခင်မြန်မြန်ပြရအောင် "

ရိပေါ်ဘယ်လောက်ပြောပြော ထမလာတဲ့ရှောင်းကျန့်ကြောင့် ရိပေါ်ရှောင်းကျန့်ကိုယ်ကို ဆွဲလှည့်ကာ ချိုင်းကမပြီး သူ့ပေါ်ပေါ်ဆွဲတင်တယ်။ကားက sport ကားအမျိုးစားမို့ အမိုးနိမ့်ကာ ရှောင်းကျန့်ရဲ့ခေါင်းနဲ့ဆောင့်မိတော့တယ်။

" အ့! ဝမ်! "

​ရှောင်းကျန့်ရဲ့နာသွားတဲ့ခေါင်းကိုပွတ်ပေးလိုက်ပြီး

" sorry baby! Sorry.."

" အကျင့်မကောင်းတဲ့ကောင် ငါအိပ်ချင်တာကို အတင်းလာနှိုးနေတယ်၊ ညကလဲ ကောင်းကောင်းမအိပ်ရဘူး၊ အခုလဲ မနက်အစောကြီး နှိုးလာတယ်"

" မငိုနဲ့တော့ အိမ်ပြန်ရောက်ရင်အိပ်ရမယ်၊ ဆေးရုံမြန်မြန်ပြပြီး မြန်မြန်ပြန်တော့ စောစောအိပ်ရတာပေါ့ "

ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]Nơi câu chuyện tồn tại. Hãy khám phá bây giờ