Part-41( Uni/ Zawgyi)

14.8K 763 62
                                        

ရိပေါ်နဲ့ရှောင်းကျန့် မွေ့ယာနက်စွေးစွေးပေါ်မှာ တစ်ယောက်ကိုတစ်ယောက်ဖက်ထားရင်း အိပ်ပျော်နေကြသည်။ စော်အောလေးကလည်း သူ့ရဲ့ခြင်းလေးထဲမှာ သက်သောင့်သက်သာနဲ့ငြိမ်သက်စွာအိပ်ပျော်နေ၏။မနက်သုံးနာရီလောက်မှာတော့ စော်အောလေးရဲ့ငိုသံက အခန်းထဲကဟိန်းထွက်လာသည်။ ရိပေါ်ရော ရှောင်းကျန့်ရော နှစ်ယောက်စလုံးနိုးသွားကြပြီး ရှောင်းကျန့်က အမြန်ကုံးထသည်။

ရိပေါ်နောက်ကနေရှောင်းကျန့်လက်ကိုလှမ်းဆွဲလိုက်ပြီး သူပါထထိုင်လိုက်ကာ

" နေနေ ကိုယ်သွားခေါ်လိုက်မယ် "

ရိပေါ်ကပြောရင်း ညကချွတ်ထားတဲ့ အင်္ကျီကို အမြန်ကောက်စွပ်ကာ ခြင်းနားအမြန်ထသွားလိုက်၏။ရှောင်းကျန့်လည်း အိပ်ချင်မူးတူးနဲ့မွေ့ယာပေါ်ထထိုင်ကာ စော်အော်ကိုစောင့်နေမိသည်။ရိပေါ်က စော်အော အီအီးတွေပါထားတာမို့ ဘောင်းဘီအမြန်လဲကာ ဘေးနားက wet တီရှူးတွေနဲ့ သန့်စင်ပေးနေသည်။ သူ့ကို သန့်ရှင်းပေးနေမှန်းသိတဲ့စော်အောက အဲ့ကျမှငြိမ်နေ၏။ရိပေါ်ကတော့လည်လွန်းတဲ့သူ့သားလေးကြောင့် နှာခေါင်းစင်းစင်းလေးကိုအပေါ်စီးကနေတဖွဖွနမ်းနေသည်။

စော်အောလေးရဲ့အိပ်ယာခင်းမှာပေသွားတဲ့ရှူးတွေကိုလည်း အကုန်ထုတ်လဲကာ အသစ်ထပ်ခင်းပေးလိုက်၏။ အဝတ်စားတွေအကုန်အသစ်လဲပေးကာ သူအရင်လက်ဆေးလိုက်၏။လျှော်ရမယ့်ဟာတွေကိုလည်း ရေချိုးခန်းထဲက လျှော်ရမယ့် နေရာမှာ သွားပစ်ထည့်လိုက်သည်။ရိပေါ်ရေချိုးခန်းထဲဝင်သွားတော့ စော်အောကထပ်ငိုပြန်သည်။ရိပေါ်စော်အောငိုသံကြောင့် အမြန်ပြန်ထွက်လာပြီး

" လာပါပြီကွာ ခဏလေးတောင်မှ လက်လွှတ်လို့မရပါလား "

ရိပေါ်ကပြောရင်း စော်အောကို ရှောင်းကျန့်စီခေါ်လာလိုက်သည်။ အဲ့တော့မှရှောင်းကျန့်လည်း ကုတင်ဆိုဖာကိုမှီလိုက်ကာ အင်ကျီလှန်ပေးလိုက်ကာ စော်အောကိုလည်း လက်တစ်ဖက်နဲ့ခေါင်းကိုထိန်းကိုင်ပေးလိုက်သည်။ နို့ရသွားတဲ့စော်အောကတော့ ပြွတ်ခနဲ အသံမြည်သည်အထိကို စို့ကာ သွားမပေါက်သေးတဲ့သွားဖုံးနဲ့ပါ နို့သီးခေါင်းကိုကျိတ်နေသေးသည်။ရိပေါ်ကတော့ ရှောင်းကျန့်လက်တစ်ဖက်နဲ့ကိုင်ထားတဲ့ အင်္ကျီစကို သူပြောင်းကိုင်ထားပေးရင်း နို့စို့နေတဲ့စော်အောကိုကြည့်နေမိသည်။

ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]Où les histoires vivent. Découvrez maintenant