ဒီနေ့ညနေ သုံးနာရီလောက်ထဲက ဟောက်ရွှမ်းတစ်ယောက် အလုပ်ကနေ အိမ်ကိုစောစောပြန်လာခဲ့သည်။ အကြောင်းမှာ ရှောင်းကျန့်တို့အိမ်သွားလည်ချင်ပါသည်ဆိုသော သူ့ရဲ့ချစ်ရသူကြောင့်။ မနေ့ညကတည်းက သွားချင်ကြောင်း တဖွဖွပြောကာ ဂျစ်တိုက်သည်။ ကိုယ်ဝန်ကိုးလထဲ ရောက်နေတဲ့ ဗိုက်ကို အားမနာ သွားလည်ချင်နေတာကြောင့် ဟောက်ရွှမ်းမှာ တစ်ခုခုထိခိုက်သွားမှာစိုးရိမ်ကြောင်း နားလည်အောင်ရှင်းပြသည်။ သူရဲ့ဆိုးသွမ်းတဲ့ကိုယ်ဝန်သည်လေးက ငိုယိုပြီး သူ့ကိုဗိုက်ကြီးနဲ့မို့ မချစ်တော့ပါဘူးဟု ဆိုလာကာ ချုံးပွဲချငိုတော့သည်။
ချစ်ရသူ အခုလိုငိုနေတာ ဘယ်သူက ဒီအတိုင်းကြည့်နေနိုင်တော့မှာလဲ။ သူကပဲလက်လျှော့ပြီး ညနေစောင်းအလုပ်ကပြန်လာရင် လိုက်ပို့ပေးဖို့ ဂတိခံခဲ့သည်။ လိုက်ပို့ပေးမယ်ဆိုတာနဲ့ ချက်ချင်း ရှောင်းကျန့်ဆီဖုန်းဆက်ကာ အိမ်အလည်လာမည်ဖြစ်ကြောင်း သတင်းလှမ်းပေးသည်။ အချစ်က အိမ်မှာ မားမားတို့နဲ့ပဲ တစ်နေ့လုံးကျန်နေခဲ့ရတာဆိုတော့ တော်တော်လေးလည်း အဖော်မဲ့နေပုံရတာမို့ သူ့မှာ အတတ်နိုင်ဆုံး ဖြစ်ချင်တာတွေ တစ်ခုမကျန် လိုက်လံဖြည့်ဆည်းပေးသည်။မားမားတို့ကတော့ မွေးခါနီး ဖွားခါနီးမို့ မသွားစေချင်။ စေတနာကိုနားလည်ပေမယ့် မသွားရရင်အိပ်ယာထဲလှဲကာကောက်နေတော့မယ့် ပုံစံကိုမြင်ယောင်နေတာမို့ သူ့မှာ မားမားတို့ပြောတာကို အားနာနာနဲ့ငြင်းဆန်ခဲ့ရသည်။
ကျိရန်အပြင်မထွက်ရတာကြာပြီ။ ကိုယ်ဝန်အကြောင်းပြချက်နဲ့အိမ်ထဲနေနေရတာ ငြီးငွေ့လှပြီ။ ယောက္ခမတွေက အစစအရာရာ နေမထိလေမထိ ထားပေမယ့် လှောင်အိမ်ထဲနေရတဲ့ခံစားချက်ကြီးလိုပင်။ မောင့်ရဲ့မိဘတွေက သူ့အပေါ်ကောင်းကြပါတယ်။ သက်ဦးဖြစ်နေတော့ တစ်ခုခုအထိခိုက်မခံနိုင်တာကြောင့် သူ့ကိုအိမ်ထဲအလုံထုတ်ထားတော့သည်။
ဟောက်ရွှမ်း အိမ်ထဲရောက်တော့ လှေကားကနေတက်ဖို့ပြင်လိုက်စဥ် မားမားက ဧည့်ခန်းကနေထွက်လာတာနှင့်ကြုံသည်။အလုပ် စောစော ပြန်လာတဲ့ သူ့ကိုကြည့်ပြီး မားမားက မျက်လုံးအဝိုင်းသားနဲ့ကြည့်ကာ

VOUS LISEZ
ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]
Fanfiction🚨🚨 For yizhan only . Take care of your reading list. ခပ်ကြမ်းကြမ်းအသုံးနှုန်းများပါမှာမို့ sensitive သမားများ မဖတ်ဖို့ ကြိုတင် warning ပေးပါတယ်။ mature on ထားပါတယ်။ Mepreg ပါ။Possessive,rapeနဲ့ sex ခပ်ကြမ်းကြမ်းတွေပါတာမို့ သတိထားဆင်ခြင်ဖတ်ရှူစေချ...