Part-29 (Uni / Zawgyi)

12.7K 811 25
                                    

ဒီနေ့မနက် နှစ်ယောက်သား အိပ်ယာတူတူထကြကာ အပြင်သွားဖို့ပြင်ဆင်ကြသည်။ရှောင်းကျန့်ကတော့ ဒီနေ့ပိုပြီး တက်ကြွကာ ပျော်နေမှန်း ရိပေါ်ကြည့်တာနဲ့သိပါသည်။ မနေ့ကတော့ မသွားချင်သလို ပုံစံမျိုးနဲ့ ကောက်နေပင်မယ့် တစ်ကယ်တမ်းကြ ဘယ်လောက်သွားချင်နေမှန်း သိသာလွန်းသည်။ အင်္ကျီတွေသဘောတကျ ရွေးရင်း ခန္ဓာကိုယ်မှာ ဟိုကပ်ကြည့် ဒီကပ်ကြည့် လုပ်နေတဲ့ ရှောင်းကျန့်ကို ရိပေါ်မျက်စိမလွှဲကြည့်နေမိသည်။

ရိပေါ်မျက်နှာကို cream အနည်းငယ်လူးလိုက်ပြီး လက်ထဲကိုလည်း အနည်းငယ်တို့ယူသွားကာ မှန်ရှေ့ အင်္ကျီရွေးနေတဲ့ ရှောင်းကျန့်မျက်နှာပေါ်အနည်းငယ်ပွတ်လူးပေးလိုက်သည်။ လိမ်းပေးလိုက်တော့ မျက်လုံးလေးမှိတ်ကာ ခံယူနေတဲ့ပုံစံလေးက ခလေးပေါက်လေးတွေနဲ့တောင်တူသေးသည်။ ရှေ့ကိုထွက်နေတဲ့ နှုတ်ခမ်းရဲရဲလေးကို ရိပေါ်စိုက်ကြည့်နေလိုက်ပြီး တစ်ချက်ဖိကပ်နမ်းလိုက်သည်။ဘယ်လောက်နမ်းနမ်း နမ်းမဝနိုင်တဲ့နှုတ်ခမ်းလေး။ ရိပေါ်အသဲယားစွာ နှုတ်ခမ်းအောက်ကိုလည်း သွားနဲ့တစ်ချက်ဖိပြီး ကိုက်လိုက်သေးသည်။

" အ့! "

" ဘုန်း "

ရှောင်းကျန့်အကိုက်ခံလိုက်ရတာကြောင့် ရိပေါ်ကို မျက်လုံးဖွင့်ကြည့်ကာ သူ့ရှေ့က ရင်ဘတ်ကိုတစ်ချက်ထုရိုက်လိုက်သည်။ ထုရိုက်ခံလိုက်ရပေမယ့် ရိပေါ်က သူ့ကို ပြုံးပြီး ကြည့်နေတုန်းပဲ။ ရှောင်းကျန့်အကိုက်ခံလိုက်ရတဲ့ နှုတ်ခမ်းကို ကိုင်ကာ ရိပေါ်ကို မျက်စောင်းထိုးပစ်လိုက်သည်။မှန်ထဲမှာလည်းနာသွားတဲ့ သူ့နှုတ်ခမ်းကို သေချာကြည့်နေလိုက်သည်။

ကောင်းကောင်းမွန်မွန်ငြိမ်ပြီး အနမ်းခံနေတဲ့ဟာ လူကိုတအားလာကိုက်တယ်။ အခုတော့တစ်ကယ်နာသွားပြီ။

မှန်ထဲသူကိုက်လိုက်တဲ့ ဒဏ်ရာကိုပြူးပြဲကြည့်နေတဲ့ ရှောင်းကျန့်ကြောင့် ရိပေါ်မှန်နားထိ သွားကာ သူပါစိတ်ဝင်တစားကြည့်နေလိုက်သည်။

" အရမ်းနာသွားလား! "

" နာလားမနာလား အကိုက်ခံကြည့်မလား "

ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]Donde viven las historias. Descúbrelo ahora