Part-1

33.9K 1.1K 32
                                        


နေ့တစ်နေ့ရဲ့အစတိုင်းက သစ်လွင်တောက်ပနေသလိုမျိုး ဆယ့်ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ စိတ်အစုံက တိုက်ခတ်နေတဲ့ လေပြေနုလေးတွေလိုပဲ လတ်ဆက်ပြီးဆတာက်ပနေသည်။

ဒီနေ့က အထက်တန်းနှစ်ရဲ့ ပထမဆုံးကျောင်းတက်ရက်။သူလို ကိုယ်လို ကျောင်းသား၊ကျောင်းသူတွေကတော့ ကျောင်းတော်ကြီးထဲ နေရာထိုးမလွဲ ရှိနေကြသည်။သူလည်း ကျောင်းကြီးကို ကြည့်ပြီးပြုံးလိုက်မိ၏။ဒီနေရာက သူ့ရည်မှန်းချက်တွေကို အကောင်ထည်ဖော်မည့်နေရာဖြစ်သည်။နေ့သစ်နဲ့အတူ သူ့ခြေလှမ်းတွေစတင်လို့ သူ့နာမည်ကရှောင်းကျန့်ဖြစ်သည်။

ရှောင်းကျန့်က အနေအေးတဲ့ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဖြစ်ကာ သာမာန်မိသားစုဘဝလေးကိုပိုင်ဆိုင်ထားသည့် ရှောင်းမျိုးရိုးရဲ့တစ်ဦးတည်းသော Omega ​​လေးတစ်ယောက်ဖြစ်သည်။အပေါင်းအသင်းနည်းပြီးအနေအေးလွန်းသည်။

မိဘတွေနဲ့ဆုံချိန်မှာတောင် စကားကိုလေးလုံးကွဲအောင်ပြောလေ့မရှိတဲ့အပြင် ခံစားချက်တွေကိုအမြဲဖုံးကွယ်ထားတတ်သည်။စာတော်ပြီး မိဘတွေအလိုကျသာ နေထိုင်ခဲ့ကာ လူတွေနဲ့ခပ်ကင်းကင်းနေခဲ့တဲ့ ရှောင်းကျန့်က လူပါကြောက်တတ်သေး၏။သူ့ရဲ့အေးစက်စက်ပုံစံက သူ၏ပင်ကိုယ်စရိုက်လက္ခဏာပင်။

ရှောင်းကျန့်က ဘောင်အတွင်းနေထိုင်သူဖြစ်ပြီး ဘဝကိုအေးအေးဆေးဆေးသာ ဖြတ်သန်းလိုသည်။

ကျောင်းထဲဆိုင်ကယ်ကို အကြမ်းပတမ်းမောင်းဝင်လာတဲ့ ကောင်လေးကို ကျောင်းထဲမှာရှိသမျှ လူတိုင်းကဝိုင်းလို့ အကဲခတ်ကြသည်။ကျောင်းနဲ့မလျော်ညီစွာ ဝတ်စားထားတဲ့အပြင် စီးလာတဲ့ဆိုင်ကယ်ကလည်း နောက်ဆုံးပေါ်ဒီဇိုင်း။

ဆိုင်ကယ်ပေါ်မှ ဆင်းလာပြီး ဝတ်ထားတဲ့ helemet ကို ဆွဲချွတ်လိုက်ကာ ဆံပင်တွေကိုဆွဲခါလိုက်တော့ ပေါ်လာတဲ့ ထိုသူရဲ့ ရှည်ရှည်သွယ်သွယ် လက်ချောင်းတွေမှာတော့ တက်တူးတွေအပြည့်နှင့်။

Helemet အောက်ကနေထင်းထွက်လာတဲ့ မေရိုးတွေနဲ့ ထင်ရှားတဲ့လည်စေ့နဲ့တင် အနားမှာရှိတဲ့ကောင်မလေးတွေထံမှ တဝိုးဝိုးတဝါးဝါးဖြစ်လာပြီး အသံတွေကျယ်လာသည်။တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းထူထူ တစ်စုံကလည်း သူ့ရဲ့စွဲဆောင်မှုရှိတဲ့အစိတ်ပိုင်းထဲကတစ်ခု။စင်းနေတဲ့နှာခေါင်းနဲ့ မျက်ခုံးခပ်ထူထူက မျက်နှာရဲ့ နဂိုရှိရင်းဆွဲ မျက်နှာကိုပိုပြီးပေါ်လွင်စေသည်။

ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]Onde histórias criam vida. Descubra agora