Part-39 (Uni/ Zawgyi)

13.6K 758 53
                                    

ရိပေါ်တို့မိသားစုလိုက် ဟောက်ရွှမ်းတို့ရဲ့သမီးလေးဟွားဟွားရဲ့ ရက်တစ်ရာပြည့်ကင်ပွန်းတပ်ပွဲကို ရောက်နေကြတာဖြစ်သည်။ရှောင်းကျန့်က စော်အောလေးကို သူများလက်မှာမထားခဲ့ချင်တာမို့ လူများတဲ့ပွဲကိုရအောင်ခေါ်လာသည်။စော်အော်လေးကလည်း အသစ်အဆန်းတွေဆိုတော့ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ လိုက်ကြည့်နေတော့သည်။ ပါးစပ်မှာချိုလိမ်လေးတပ်ပေးထားရင်း ခလေးကို နွေးနွေးထွေးထွေး ဖြစ်အောင် သိုးမွှေးနဲ့ထိုးထားတဲ့ ဝက်ဝံရုပ်ခေါင်းစွပ်ပါအင်္ကျီအပွလေးကိုဝတ်ပေးထားတော့ အသားဖြူဖြူ ပါးဖောင်းဖောင်းကလေးက ထင်းနေတော့၏။

ကျိရန် ရှောင်းကောတို့ကိုမြင်လိုက်တာမို့ ဟွားဟွားလေးကိုချီကာ ရှောင်းကောတို့နားသွားလိုက်ကာလှမ်းခေါ်လိုက်သည်။လှည့်ကြည့်လာတဲ့ ရှောင်းကောက စော်အောလေးကိုပိုက်ထားရင်း သူ့ဆီတိုးကပ်လာကာ

" ငါတို့ဟွားဟွားလေးကချစ်ဖို့ကောင်းလိုက်တာ။ ဒီမှာမောင်လေးကိုနှုတ်ဆက်လိုက်ပါအုံး "

ဟွားဟွားက ပြောတာကိုနားမလည်သေးတဲ့အရွယ်ဆိုတော့ မျက်လုံးဝိုင်းလေးတွေနဲ့ ပြူးကာလိုက်ကြည့်နေသည်။ စော်အော်လေးက သူ့ရှေ့ကဟွားဟွားကိုလက်လှမ်းနေတာမို့လို့ ရိပေါ်က ကုပ်မိသွားမှာစိုးတာကြောင့် လက်ကိုဆုပ်ကိုင်ထားလိုက်သည်။ စော်အောက သူ့လက်ကိုချုပ်တာမကြိုက် ရိပေါ်လက်ဖဝါးထဲကနေအတင်းရုန်းနေကာ မျက်နှာကငိုမဲ့မဲ့ဖြစ်လာသည်။ရိပေါ်ရှောင်းကျန့်လက်ထဲက စော်အောကိုလက်လွှဲယူလိုက်ရင်း ငိုချင်နေတဲ့ စော်အောရဲ့ ဖောင်းဖောင်းကို နှာခေါင်းတွေနစ်ဝင်သွားသည်အထိ ဖိနမ်းလိုက်ကာ

" မဆိုးရဘူးနော် မမနာသွားလိမ့်မယ် "

ရိပေါ်ကပြောရင်းချော့တော့ မျက်ရည်အဝိုင်းသားလေးတွေနဲ့ပြန်ကြည့်ကာငြိမ်ကြသွားသည်။ကျိရန်ကတော့ အတတ်မြန်တဲ့ စော်အောကိုကြည့်ရင်း အံ့သြနေကာ

" စော်အောက ဥာဏ်အရမ်းကောင်းတာပဲ ။တစ်ခါပြောရုံနဲ့သိတယ်။ ဟွားဟွားလေးကတော့ သိပ်မသွက်ဘူး။နည်းနည်းအနေအေးတယ် "

ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]Nơi câu chuyện tồn tại. Hãy khám phá bây giờ