Part-28 (Uni/ Zawgyi)

16.3K 928 43
                                        

ရှောင်းကျန့်မနေ့ညက တော်တော်နောက်ကျမှ အိပ်ရပေမယ့် မနက်ကျ ဗိုက်ဆာလွန်းတာကြောင့်အစောကြီးနိုးလာခဲ့သည်။အချိန်ကြည့်တော့ အခုမှာ ခြောက်နာရီသာထိုးသေးသည်။ရိပေါ်ကတော့ကိုယ်လုံးကျွတ်နဲ့ ပက်လက်ကြီးအိပ်ပျော်နေတာမြင်မကောင်း။

ပြီးတော့မနက်စောစောသူ့ရဲ့နီနီရဲရဲကြီးကထိုးထောင်လို့။ ရိပေါ်ကအရှက်လည်းမရှိဘူး။အဲ့တာကြောင့်ညဘက်တွေ အင်္ကျီဝတ်အိပ်ပါဆိုရင်ပြောလို့ကိုမရဘူး။နှင်းတွေကျတဲ့ ဆောင်းတွင်းမျိုးမှာတောင် ကိုယ်လုံးချွတ်နဲ့ပဲအိပ်တတ်တဲ့ရိပေါ်က အခုလိုရာသီမျိုးဆို ပိုဆိုးတာပေါ့။ သူကတော့ပက်လက်လှန်ထားတဲ့ ရိပေါ်ရဲ့လက်မောင်းပေါ်မှာ ဘေးတစောင်းလှဲနေခြင်းပင်။

ရိပေါ်ရဲ့ရှက်စရာအခြေနေကိုမမြင်ချင်တာ
ကြောင့် မွေ့ယာပေါ်မှအသာထကာ ရေချိုးခန်းထဲပြေးဝင်သွားလိုက်သည်။ရိပေါ်ကတော့မွေ့ယာပေါ်မှာ မျက်ခုံးတွေအနည်းငယ်တွန့်ချိုးကာ အိပ်ပျော်နေသေးသည်။ရှောင်းကျန့်ရေချိုးခန်းထဲ ရောက်ရောက်ခြင်း အနည်းငယ်တော့မူးဝေကာ အန်သေးသည်။

သူ့ပေါင်နှစ်ချောင်းက ပွန်းထားတာမို့ ခြေထောက်မစိနိုင်ပဲ အနည်းငယ်ကားထားရသည်။ထိတာနဲ့စပ်ကာ မျက်ရည်ပါကျရတဲ့အထိ။ပြန်တွေးတိုင်းနှာဘူးကောင်ကိုထုရိုက်ချင်မိသည်။မှန်ထဲမှာမြင်နေရတဲ့ သူ့နှုတ်ခမ်းတောင့်တွေကလည်းပေါက်လို့။

ကိုယ့်အပေါ်မညှာမတာလုပ်လွန်းတယ်။သူမခံစားရတဲ့အတိုင်း။ကြည့်နေ နောက်နေ့စိတ်ဆိုးပြေသွားတဲ့အခါကြမှ ပြန်ကလဲ့စားခြေပြမယ်။ ရှောင်းကျန့်တစ်ယောက်တည်း မှန်ကြည့်ပြီး မျက်စောင်းထိုးပစ်လိုက်သည်။ သွားတိုက်တာတောင် ပါးစပ်ကိုကျယ်ကျယ်မဟရဲ။

သွားပွတ်တံကို အာခေါင်သွားထိုးမိမှာစိုးလို့အနည်းငယ်သတိထားရသေးသည်။ ဗိုက်ကလည်း ဆာလွန်းလို့ အထဲကအူတွေ တကျုတ်ကျုတ်မြည်နေသံကိုတောင် အပြင်က အတိုင်းသားကြားနေရသည်။မြန်မြန်သန့်ရှင်းရေးလုပ်ပြီးတာနဲ့ အောက်ထပ်ကိုဖြေးဖြေးချင်းသာဆင်းသွားလိုက်သည်။

ᴍʏ ᴏᴍᴇɢᴀ ɪs ᴍʏ ᴡɪғᴇ [Completed ]Donde viven las historias. Descúbrelo ahora