Chapter(52)

611 85 9
                                    

[Unicode]

"အစောပိုင်းမှာ အဖေက ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြင်ပထိခိုက်မှုပြဿနာတစ်ချို့ရှိခဲ့ပေမယ့် တစ်နှစ်အကြာမှာ ပြန်သက်သာလာခဲ့တယ်။ ဒါပေမယ့် သူက ဆေးရုံကနေ တစ်ခါမှထွက်မသွားခဲ့ဖူးဘူး...အဲ့ဒါဘာလို့လဲ လေးငယ်သိရဲ့လား?"

လူငယ်လေးက ရှဲ့မော့ကိုချောက်ကမ်းပါးအစွန်းတွင် ချောင်ပိတ်သည့်နှယ် မေးခွန်းမေးလိုက်ကာ လိုချင်သည့်အဖြေထွက်လာသည်အထိ တွန်းပို့နေတော့သည်။ ထို့နောက် သူ့မေးခွန်းသူပြန်​ဆက်ကာ အဖြေကိုပါ တစ်ခါတည်းထုတ်ပြောလိုက်သည်။
"ခုနက ဆရာဝန်မငယ်ငယ်ချောချောလေးကို မြင်လိုက်တယ်မလား?"

"သူမက အရမ်းလှပြီး ခန္ဓာကိုယ်ကောက်ကြောင်းလည်း အတော်ကျစ်လျစ်တယ်...ကျွန်တော့်မှာ လေးငယ်ရှိနေတာမဟုတ်ရင် ကျွန်တော်လည်း စိတ်ဝင်စားမိမှာပဲ"

ရှဲ့ရှီပြောသမျှစကားတိုင်းက ရှဲ့နန်အန်းကိုကူညီနေသလိုထင်ရသော်လည်း စကားလုံးတိုင်းက ကြားရသူအဖို့စိတ်ဆိုးစေလောက်သည်။

"အဖေ့ကို သိပ်လည်းအပြစ်မတင်ပါနဲ့ လေးငယ်ရာ....အသက်လည်းရနေပြီး ရှဲ့မိသားစုရဲ့ပြဿနာတွေကိုလည်း နေ့တိုင်းဖြေရှင်းနေရတာ...သူ့မှာ စိတ်ထွက်ပေါက်အဖြစ် မိန်းမတစ်ယောက်ရှာဖို့တောင်အချိန်မရှိခဲ့ဘူး။ သူက ရှဲ့မိသားစုကိုထားခဲ့ချင်ပေမယ့် ကျွန်တော်က အရမ်းငယ်သေးတယ်လေ...သူ့ကို ကူညီနိုင်တာလည်းဘာမှမရှိသလို လက်ပွန်းတတီးလည်းမနေခဲ့ပေမယ့်လည်း သူ့ရဲ့သားအရင်းဖြစ်နေတော့ ဒီအရာတွေကိုလက်လွှဲယူချိန်မှာ ဒုက္ခရောက်သွားမှာကို စိုးရိမ်ခဲ့လို့ လေးငယ်ကိုပဲ နှစ်နည်းနည်းလောက်ကူပြီးစောင့်ရှောက်ပေးဖို့ လွှဲထားခဲ့တာ"

ဆိုလိုချင်တာက ရှဲ့နန်အန်းဟာ သူ့သားအရင်းထိခိုက်သွားမှာကို စိုးရိမ်ခဲ့ပြီး ရှဲ့မော့ကိုတော့ အဲ့ဒီလောက်ဂရုမစိုက်ခဲ့ဘူး...

သူပြောသမျှစကားတိုင်းက ရှဲ့မော့နှလုံးသားကို ပြင်းထန်စွာထိုးနှက်နေမည်ကိုသိသော်လည်း ရှဲ့ရှီသည် တစ်ဖက်လူ၏တိတ်ဆိတ်နေမှုအပေါ် အခွင့်ကောင်းယူကာ ဆက်ပြောလိုက်သည်။
"ပြီးတော့ လေးငယ်က ရှဲ့မိသားစုကိုစီမံခန့်ခွဲတာတွေလုပ်ပေးလိုက်တော့ နောက်ထပ်အကျိူးတစ်ခုလည်းဖြစ်ခဲ့တယ်လေ...လေးငယ်က ရှဲ့မိသားစုထဲက တခြားဦးလေးတွေနဲ့မတူဘူး။ သူတို့တွေက တစ်ယောက်ထက် နောက်တစ်ယောက်ကပိုလောဘကြီးပြီး အကုန်လုံးက ရှဲ့မိသားစုရဲ့သွေးတွေပါလာကြတာ...အချိန်ကျတာနဲ့ တစ်ယောက်က သတိမထားမိလိုက်ခင်မှာ တခြားတစ်ယောက်က နောက်ကျောကိုဓားနဲ့လှည့်ထိုးပြီး အဖေ့အကြံအစည်တွေအားလုံး အချည်းနှီးဖြစ်သွားတော့မှာ"

Scum Gong Thought I Was A White Lotus {MM Translation}Where stories live. Discover now