2(Uni)

873 23 0
                                    

"ရှိုင်း မင်းအစ်ကို ရန်ဖြစ်နေတယ်။"

ကျောင်းသားတစ်ယောက်၏စကားကြောင့် ရှိုင်းလည်း စာရေးနေရာမှ အမြန်ထ၍ ဘောလုံးကွင်းရှိရာသို့ ဦးတည်ပြေးတော့သည်။ထမင်းစားကျောင်းဆင်းတိုင်း မာန်က ဘောလုံးကန်နေကြဖြစ်သည်။စိတ်ဆတ်တဲ့မာန်က တစ်ခုခုဆိုပါးစပ်နဲ့မပြီး လက်ပါတတ်၏။ဒါကြောင့် ရှိုင်းက လူချစ်လူခင်ပေါသလောက် မာန်က ထစ်ခနဲရှိလက်ပါတတ်တော့ ရန်များနေရ၏။

ရှိုင်းရောက်သွားတော့ ဆရာကြီးရောက်လာပြီး ရန်ဖြစ်နေသည့်သူများက လူစုကွဲသွားပြီဖြစ်ကြသည်။မေးရိုးများထောင်သည်အထိဒေါသထွက်နေသော မာန့်အနားကို ရှိုင်းလည်းမသွားရဲသဖြင့် အဝေးကနေပဲရပ်ကြည့်နေမိ၏။

"ဘာဖြစ်ကြတာလဲ။"

"ဟိုကောင်က မာန့်ကိုဘာပြောလိုက်တယ်မသိဘူး။မာန်က ဒေါသထွက်ပြီးထထိုးတာ။"

ဘေးမှစကားသံများကြောင့် ရှိုင်းလက်ထဲမှဖောင်တိန်ကို ပိုကျစ်သွားအောင်ဆုပ်မိသွားသည်။မာန့်ကို စိတ်တိုစေတဲ့စကားက 'မွေးစားသား' ဆိုတဲ့စကားအပြင်တခြားမရှိ။

အကျိုးဆက်အနေနဲ့ ရန်ဖြစ်သူများအားလုံး ရုံးခန်းကို လိုက်သွားရသည်။ရှိုင်းလည်း ရုံးခန်းနားထိလိုက်သွားပြီး မာန်ထွက်အလာကို စောင့်နေလိုက်သည်။

"မာန်"

မာန်က စောစောကလောက်ဒေါသမထွက်တော့ပေမယ့် မျက်နှာထားကတော့တင်းနေဆဲဖြစ်၏။နှုတ်ခမ်းထောင့်ကလည်း အထိုးခံရလို့ ပေါက်ပြဲနေ၏။

"အတန်းထဲမနေဘဲနဲ့ ဘယ်သွားမှာလဲ။"

"မင်း ရန်ဖြစ်တယ်ဆိုလို့။"

"ငါ ရန်ဖြစ်တာ ဒီတစ်ကြိမ်တည်းကျနေတာပဲ။ကိုယ့်ဘာသာ စာလုပ်နေတာမဟုတ်ဘဲ။"

"ငါကို ဟိုဟာလုပ်နေ၊ဒါလုပ်နေနဲ့လာပြောစရာမလိုဘူး။​ငါက ကိုယ့်ကိုဘာလုပ်ရမလဲသိတယ်။မင်းသာ မသိတာ။"

"ငါက ဘာလုပ်နေလို့လဲ။"

"ဘာလို့ ရန်ခဏခဏဖြစ်နေလဲ။"

"ဖြစ်ချင်လို့။"

"အဲ့တာဆို ငါလည်းလုပ်ချင်တာလုပ်မှာ။"

ငယ်နိုင်Onde histórias criam vida. Descubra agora