27(Uni)

396 9 0
                                    

ခန့်တို့နိုင်ငံနဲ့မတူညီတဲ့ယဥ်ကျေးမှုစရိုက်နှင့်အတူ အားလုံးဟာမျက်လုံးအမြင်တွင်စိမ်းသက်သက်။ကိုယ့်နိုင်ငံမှာတောင် ကလပ်တို့၊ပါတီတို့ကိုမျက်စိရှုပ်လို့ မသွားချင်တဲ့ခန့်အတွက် ဒီနိုင်ငံကယဥ်ကျေးမှုတွေထုံလွှမ်းနေတဲ့ကလပ်က မျက်စိနောက်စရာဖြစ်နေ၏။လူငယ်တွေများတဲ့ကလပ်ပီပီ လူငယ်ဆန်ဆန်အရိုင်းဆန်နေကြတော့ပိုပြီးမျက်စိအမြင်မတည့်စရာ။ခန့်မျက်စိပိုပြီး အမြင်မတည့်နေတဲ့အရာက တီရှပ်အနီလေးနဲ့အဖြူရောင် ဂျင်းပန့်လေးဝတ်ထားပြီး နိုင်ငံခြားသားတစ်သိုက်နဲ့ပွဲကျနေတဲ့တစ်ယောက်သောသူကိုပင်။အရိုင်းဆန်လှတဲ့အနီရောင်ကြောင့် တစ်ကိုယ်လုံးပေါ်ကို ခပ်ရဲရဲကျရောက်နေကြတဲ့အကြည့်ရိုင်းများကိုမသိတာလား။ဂရုမစိုက်တာလားမသိ။ဘေးကကြည့်နေတဲ့ခန့်မှာတော့ အဲ့ဒီသားရဲဆန်တဲ့အကြည့်များကြောင့်ဒေါသထွက်နေရ၏။အဲ့ဒီအချိန်မှာပဲ သန့်စင်ခန်းသွားတာလားမသိ၊ထသွားသူကြောင့် ခန့်လည်းစိတ်မချတာနဲ့လိုက်ခဲ့သည်။ဒါကလည်း ခန့် ဒီရောက်နေတဲ့အတောအတွင်းလုပ်ဖြစ်တဲ့အရာပင်။နောက်ကနေအရိပ်လိုတကောက်ကောက်လိုက်ကာအနားကိုမသွားရဲတဲ့ခန့်က အဝေးကပဲအရိပ်တကြည့်ကြည့်နေမိ၏။ပျော်ဖို့ပါးဖို့လောက်ပဲသိတဲ့သူက ခန့်ကိုလည်းသတိထားမိမယ်မထင်။

"တောက်!"

သန့်စင်ခန်းအဝမှာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ခန့်တောက်ခေါက်မိလေ၏။ခန့်ရဲ့တောက်ခေါက်သံကြောင့်လားမသိ။ ကာယကံရှင်နှစ်ဦးရဲ့အကြည့်များကခန့်ဆီရောက်လာသည်။လွန်းက ခန့်ကိုမြင်သည်နှင့် သူစိမ်းအမျိုးသားအနားမှခွာလိုက်သည်။လွန်းရဲ့သူခိုးလူမိသလို မလုံမလဲအပြုအမူက ခန့်ကိုပိုဒေါသထွက်စေသည်။ခန့်သာရောက်မလာရင် အဲ့ဒီပူးကပ်နေတဲ့နှစ်ယောက်က ဘယ်ထိခရီးဆက်နေကြမလဲတွေးမိရုံနဲ့ ခန့်ပိုဒေါသထွက်လာရသည်။

"ကိုကို့!"

ဒေါသအလျောက်လွန့်လက်ကိုဆောင့်ဆွဲပြီးအပြင်ထွက်မိတော့လွန်းကမသိမသာရုန်းလေသည်။ဒေါသထွက်နေတဲ့ခန့်ကိုလန့်လို့ထင်၏။သိသိသာသာတော့မရုန်းရဲ။ခန့်ဆွဲခေါ်ရာဆီသို့သာပါလာ၏။

ငယ်နိုင်Where stories live. Discover now