19(Uni)

557 12 0
                                    

"ဟာ.....မီးပျက်သွားပြီ။"

"ချီးတဲ့မှ အရှိန်ကောင်းနေတုန်းရှိသေး။"

ကလပ်ထဲရှိလူများ၏ တစ်ယောက်တစ်ပေါက်စကားသံများထွက်လာသည်။

ထိုစဉ် မီးကတစ်နေရာထဲတွင် ကွက်လင်းလာတော့ အားလုံးသဘောပေါက်သွားသည်။ဘယ်သခင်လေးက ဒီအလှလေးကိုပရိုပို့ဇ်လုပ်ပြန်ပြီလဲ။

မီးရောင်အောက်မှ လွန်းကတော့ ဒီအဖြစ်ကိုမဆန်းသည့်အလား။crop top အဖြူလေးနဲ့ဂျင်းပေါင်လယ်လောက်လေးကိုဝတ်ထားတဲ့လွန်းက ဘားကောင်တာကိုမှီ၍ လက်ထဲမှကော့တေးခွက်လေးကိုင်ထားသည်မှာ မီးရောင်အောင်မှာဆွဲဆောင်မှုရှိစွာ။

"ဝိုး....."

ဝတ်စုံအပြည့်နဲ့ ခန့်ညားသည့်အမျိုးသားတစ်ဦးက လွန်းရှေ့ဒူးတစ်ဖက်ထောက်လိုက်တော့ အားလုံးထံမှအာမေဋိတ်သံများထွက်လာသည်။

"ကလေးက ကြွေအောင်ခြွေပြဆိုလို့ ကိုယ်စီစဉ်ထားတာ။ကိုယ်ဘယ်လောက်ကြိုးစားကြိုးစား ကလေးရဲ့ နှလုံးသားကိုမရဘူးဆိုတာသိတယ်။ဒါပေမယ့် ကိုယ် ကလေး နှလုံးသားကိုမရတောင် ကလေးကြိုးဆွဲရာကလို့ရတဲ့အရုပ်တစ်ခုဖြစ်ပေးချင်တယ်။ကလေးအနားမှာနေပြီး ကလေးလိုတာတွေဖြည့်ဆည်းပြီး ကလေးကိုချစ်ပေးချင်တယ်။"

ထိုအမျိုးသားက ကုတ်အင်္ကျီထဲမှ နှင်းဆီပွင့်တစ်ပွင့်ထုတ်ပြီး

"Baby! Will you marry me?"

"ဒီလောက်နဲ့မကြွေဘူးတဲ့ဗျို့။"

"တော့ကီတွေပြန်သင်လိုက်ဦးတဲ့။"

"ရိပ်သာ သာဖြောင့်ဖြောင့်ဝင်တဲ့ဗျို့။"

ကြည့်နေတဲ့ အကြောင်းသိပရိတ်သက်တစ်စုကဝိုင်းအော်ကြသည်။

လွန်းက ရယ်လိုက်ပြီး ဒူးထောက်နေတဲ့အမျိုးသားနားကပ်သွား၍

"ထ!ခင်ဗျား လွန်းကို လူဆိုးဖြစ်အောင်လုပ်တယ်။"

လွန်းက နှုတ်ခမ်းလေးဆူပြီး ဆိုတော့ ထိုအမျိုးသားက ပြာပြာသလဲ

"ကိုယ်အဲ့လိုမျိုးဖြစ်သွားဖို့ မရည်ရွယ်ပါဘူး။"

ကလပ်ကမီးရောင်များပြန်လင်းလာပြီးပုံမှန်အတိုင်း ပြန်လည်သက်ဝင်လာသည်။အဖြေကိုသိနှင့်ပြီးသားဆိုတော့ လွန်းတို့ကိစ္စကိုလည်းစိတ်မစားတော့။လွန်းစေရာဦး ကြွေမယ့်သူက ဒီကမ္ဘာမှာမမွေးသေးထင်။ပလေးမှန်းသိရက်နဲ့ကို ပလေးခံချင်နေကြတော့လည်းအခက်သား။

ငယ်နိုင်Tempat cerita menjadi hidup. Temukan sekarang