14(Uni)

630 19 1
                                    

"အား....sh*t!"

ရှိုင်းတစ်ယောက် အိပ်ရာနိုးတော့ နာရီကြည့်မိပြီးဆဲရေမိသွားသည်။ကိုယ်ပေါ်မှစောင်ကိုကန်ချလိုက်ပြီး ရေချိုးခန်းထဲအမြန်ပြေးဝင်သွားလေ၏။ရှိုင်းဘဝက သူ့မာမီတစ်ရက်အိမ်မရှိတာနဲ့ခါးလေပြီ။ရှစ်နာရီ အတန်းချိန်ကို ရှစ်နာရီထိုးခါနီးမှနိုးရတဲ့အဖြစ်။

"ဒုန်း။"

ဘဝကအဲ့လိုပါဆို။မျက်မှန်မပါဘာမပါနဲ့ရေချိုးခန်းထဲပြေးဝင်တော့ ရေချိုးခန်းတံခါးနဲ့ဆောင့်မိပြန်ရော။နာသွားတဲ့နဖူးလေးကိုအသာပွတ်ရင်း မျက်နှာသစ်ရေချိုးအမြန်လုပ်ရသည်။

ရေချိုးပြီးတော့ ဗီဒိုထဲမှတွေ့ရာအင်္ကျီတစ်ထည်ဆွဲထုတ်ဝတ်သည်။တွေ့ရာဂျင်းတစ်ထည်ကိုကောက်လျို၍ ညကဖွထားတဲ့စာအုပ်များကိုစီလိုက်သည်။အချိန်ဇယားအမြန်စီပြီး ကျောပိုးအိတ်ဆွဲ၍အောက်ထပ်အမြန်ဆင်းသည်။

ကိုခန့်က စာတမ်းကိစ္စနဲ့အလုပ်ရှုပ်နေလို့ အရင်လိုလာမခေါ်နိုင်။ဘက်စ်ကားတိုးစီးပြီးသွားရမယ့်နေ့မှ အိပ်ယာထနောက်ကျတဲ့ဖြစ်ခြင်း။ဘက်စ်ကားမှတ်တိုင်ရောက်တော့လည်း ရှိုင်း၏ကံမကောင်းမှုများကအတောမသတ်နိုင်။ရှိုင်းစီးရမယ့်ဘက်စ်ကားက လူပြည့်နေသည်။ဒီဘက်စ်ကားမှ ရှိုင်းမစီး
ရင်းလည်း အတန်းချိန်ကမီနိုင်စရာအကြောင်းမရှိတော့။ဘက်စ်ကားစောင့်နေတဲ့လူအုပ်နဲ့အတူဘက်စ်ကားပေါ်တတ်ဖို့လုပ်တော့ ကိုယ့်ကိုတောင်ဂုဏ်ယူမိသွားသည်။အိပ်ရာထနောက်ကျတာကိုယ်တစ်ယောက်တည်းမှမဟုတ်ဘဲ။

ရှိုင်းအတွက် ဒီနေ့ကပြဿဒါးနေ့ပါဆို။လူဒီလောက်အများကြီးထဲမှ ဘက်စ်ကားမှတ်တိုင်အမိုးမှနှင်းစက်က ရှိုင်းအပေါ်သို့ကျသည်။မျက်မှန်ပေါ်တည့်တည့်ကိုကျတာဆိုတော့ မျက်မှန်ကဝါးသွားသည်။စမ်းတဝါးဝါးဖြင့် ဘက်စ်ကားပေါ်တိုးတက်ရသည်။ဘက်စ်ကားပေါ်ရောက်တော့ အဆင်ပြေမယ့်နေရာတစ်ခုမှာမတ်တတ်ရပ်၍ မျက်မှန်ပေါ်မှရေစက်ကိုသုတ်ဖို့လုပ်သည်။ကံမကောင်းမှုများမရပ်သေးတဲ့ရှိုင်းအတွက်တော့ ကိုရွှေဒါရိုက်ဘာက ဘရိတ်ဆွဲလိုက်တာရှေ့ဟပ်ထိုးလဲဖို့အလို နောက်မှလူတစ်ယောက်၏ဖမ်းဆွဲထားပေးမှုကြောင့်ကံကောင်းသွားသည်။တစ်မနက်လုံးကံမကောင်းမှုများကြား ကိုယ့်ကိုကံကောင်းပေးစေခဲ့တဲ့နောက်မှကျေးဇူးရှင်ကိုပြုံးရယ်ပြပြီးကျေးဇူးတင်စကားဆိုရသည်။ကျေးဇူးရှင်မျက်မှန်ကမတပ်ရသေးတော့ ခပ်ဝါးဝါးပင်။ရှိုင်းကို ကူညီပေးလို့လားမသိ။ကျေးဇူးရှင်က ခပ်ဝါးဝါးအမြင်မှာတောင်ရုပ်အတော်ဖြောင့်၏။ဥပဓိရုပ်ကောင်းသည့်ကျေးဇူးရှင်ကိုနောက်တစ်ကြိမ်မျက်မှန်တပ်ပြီးကြည့်မလို့အလုပ် ရှိုင်းတို့ကြားထဲသို့အတင်းတိုးဝင်လိုက်သည့်ခပ်ဝဝအမျိုးသမီးကြောင့် အခွင့်အရေးမရတော့။ဘက်စ်ကားဘားကိုကိုင်ထားသည့် အကြောစိမ်းလေးများယှက်ဖြာ၍ကြည့်ကောင်းလှသည့် လက်ချောင်းဖြူဖြူရှည်ရှည်များကိုကြည့်ပြီး မျက်နှာသေချာမမြင်လိုက်ရတဲ့အဖြစ်အားမကျေမနပ်ဖြစ်နေမိ၏။လက်တောင်ဒီလောက်ကြည့်ကောင်းနေတာ ရုပ်ရည်ဆိုပြောစရာပင်မလိုလောက်တော့။မျက်မှန်သမားများဘဝကအဲ့လိုသနားစရာပင်။တစ်ခုခုဆိုအဲ့မျက်မှန်ကြောင့် ဒုက္ခရောက်ရပေါင်းလည်းမနည်း။

ငယ်နိုင်Tempat cerita menjadi hidup. Temukan sekarang