"သားလေးတစ်ခုခုသာဖြစ်ရင် မာမီရင်ကျိုးမှာ။တော်သေးတာပေါ့ အားနည်းပြီးသတိလစ်သွားရုံလေးမလို့။"
ဟန်နီချိုရဲ့စိုးရိမ်မကင်းစွာပြောကြားမှုကို ရှိုင်းကပြုံး၍နားထောင်နေသည်။အားနည်းနေတဲ့အချိန်ရေမွှန်းသွားတာကြောင့် သတိလစ်သွားတာ။ဆေးရုံရောက်တော့လိုတဲ့ဆေးတွေဘာတွေချိတ်နဲ့ရှိုင်းပြန်သတိရလာသည်။အားပြန်ပြည့်ဖို့တော့ ရက်အနည်းငယ်လောက်အချိန်ယူရသည်။ရှိုင်းကိုသည်းကဲကြတဲ့သူ့မာမီနဲ့မာန်က လွန်းဒယ်ဒီပိုင်တဲ့ဆေးရုံးကြီးမှာပြောင်းရွှေ့ပြီးဆေးကုသမှုခံယူစေသည်။အားဆေးအရှိန်တွေနဲ့ရှိုင်းက တစ်ချိန်လုံးအိပ်စက်နေတတ်ပြီး ဒီနေ့ညနေမှကောင်းကောင်းမွန်မွန်နိုးနိုးကြားကြားဖြစ်လာရသည်။
သားအပေါ်စိတ်ပူနေရှာတဲ့ဟန်နီချိုကတော့ မျက်နှာမှာသနပ်ခါးပင်မလိမ်းခြယ်နိုင်။ပြောင်းရှင်းနေတဲ့မျက်နှာနဲ့ တစ်ချိန်လုံးပူပင်းခဲ့ရတာတွေကိုဝမ်းပမ်းတနည်းပြောလာသည်။မာန်ကရောဘာထူးလဲ။ဟန်နီချိုလိုသာထုတ်မပြောတာ ချိုင့်နေတဲ့မျက်တွင်းတွေက ဒီရက်ထဲကောင်းကောင်းမအိပ်ရကြောင်းပြောနေသလို၊သူဘယ်လောက်စိတ်ပူနေတယ်ဆိုတာကိုလည်းသိနိုင်၏။
ရှိုင်းလည်းကောင်းစွာသိနေ၏။ဆေးအရှိန်နဲ့မျက်လုံးများက မဖွင့်ချင်ပေမယ့် သူ့ဘေးနားက တိုးလျလျစကားသံတွေနဲ့လှုပ်ရှားမှုလေးတွေကိုသူသိနေ၏။သူညစဥ်ညတိုင်းရနေကျအကြင်နာအနမ်းတွေကိုရောပေါ့။
"အန်တီချိုအိမ်ပြန်နောက်ကျနေမယ်။ပြန်တော့လေ။"
မာန်ကဆေးပြီးသားချိုင့်တွေကိုခြင်းထဲထည့်ရင်းမှဆိုလိုက်သည်။
"အေးအေး။တစ်ခုခုဆို ဖုန်းဆက်လိုက်နော်။"
"မာမီကလည်းဘာတစ်ခုခုလဲ။သားကောင်းနေပါပြီဆို။"
"ဘာကောင်းတာလဲ။လူကဖြင့်အိပ်ရာပေါ်ကမထသေးဘဲနဲ့။"
ဟန်နီချိုက ပြန်ဖို့ပစ္စည်းတွေသိမ်းဆည်းရင်းနဲ့ မျက်စောင်းလေးဝင့်ကာဆိုလေသည်။ရှိုင်းကတော့ သူ့မာမီအချောအလှလေးကိုကြည့်၍ရယ်နေသည်။အသက်လေးဆယ်ဆိုတာဘယ်သူယုံမလဲ။
YOU ARE READING
ငယ်နိုင်
Romanceတစ်ဘဝလုံးစာအတွက်အနိုင်ယူပါ တစ္ဘဝလုံးစာအတြက္အႏိုင္ယူပါ Photo From Pinterest