11(Uni)

518 13 0
                                    

"ဒီနေ့ရော မီမီ ဘာတွေလာပို့ပြန်ပြီလဲ။"

ချိုင့်လေးဆွဲပြီး ထမင်းစားခန်းထဲဝင်လာသည့်ဒေါ်မီမီခန့်ကိုမြင်သည်နှင့် နေ့လယ်စာချက်ပြုတ်ဖို့ပြင်ဆင်နေတဲ့ဒေါ်မေကြည်က
ပြုံး၍မေးလေသည်။

"ခန့်ခန့်ပြန်ရောက်နေလို့ သူကြိုက်တာလေးတွေချက်ကျွေးရင်း လွန်းကိုပါအမှတ်ရလို့လာပို့တာ။"

ဒေါ်မီမီခန့်က အိမ်ရှင်မကောင်းတစ်ယောက်ပီပီလင်ယောကျ်ားနဲ့သားအတွက်တစ်နေ့တစ်မျိုးမရိုးရအောင်ချက်ပြုတ်ကျွေးတတ်သည်။အဲ့လိုမျိုးဖွယ်ဖွယ်ရာရာချက်တိုင်း လွန်းအတွက်ပါလာပို့ပေးသည်။

"ခန့်ခန့်ပြန်ရောက်နေပြီလား ကျောင်းဖွင့်မှပြန်လာမယ်ထင်နေတာ။"

"ဟုတ်တယ်မေကြည်ရေ။အစက ကျောင်းဖွင့်မှပြန်လာမလို့ဘဲ။ပြဿနာဖြစ်ပြီး သူ့အဘွားက ပြန်လွှတ်လိုက်တာ။"

"ဟုတ်လား။ဘာဖြစ်တာလဲ။"

"ဘာဖြစ်ရမှာလဲ။သမီးရည်စားပြဿနာပဲပေါ့။"

"ခန့်ခန့်တောင်သဘောကျတယ်ဆိုတော့ ကောင်မလေးကတော်ရုံတန်ရုံထဲကမဖြစ်နိုင်ဘူး။"

"ကောင်မလေးဆိုရင်ပြောမနေနဲ့။သူ့အဘွားကတစ်ခါထဲသွားစေ့စပ်ပေးထားမှာ။အခုက ကောင်လေးမလို့ မြေးအဘွားနှစ်ယောက်ပြဿနာဖြစ်ကြတာ။"

ဒေါ်မီမီခန့်က ဘာမှမဖြစ်သလိုရယ်သံလေးစွတ်ပြီးပြောလာတော့ ဒေါ်မေကြည်အံ့သြသွားရသည်။

"မီမီတို့ကတကယ့်စံပဲ။ကိုယ့်သားက သဘာဝနဲ့ဆန့်ကျင်ပြီးရွေးချယ်သွားတာတောင် ဘာမှမဖြစ်သလိုပဲ။"

"မေကြည်ကလည်း မိဘတိုင်းက သားသမီးကိုအကောင်းဆုံးတွေပဲဖြစ်စေချင်ကြတာပဲ။ဒီလိုမျိုးဖြစ်သွားတော့ရော ဘာတတ်နိုင်မှာလဲ။ကိုယ်ကတောင်လက်မခံဘဲကဲ့ရဲ့ရှုံချနေရင်တခြားသူဆိုပိုဆိုးမှာပေါ့။"

"ဒါလည်းဟုတ်ပါတယ်လေ။ကောင်လေးကဘယ်နှယ့်လဲ။တော်တော်ရော်ရော်ထဲကဟုတ်ရဲ့လား။"

"အဆင်ပြေပါတယ်။ခန့်ခန့်ထက်ငယ်တယ်။လွန်းတို့နဲ့ရွယ်တူလောက်ပဲ။ပစ္စည်းကတော့မရှိလောက်ဘူး။ရုပ်ရည်ရှိတယ်။အရည်အချင်းရှိတယ်။မီမီခန့်ရဲ့သားမက်ဖြစ်လာမယ့်သူက ဒီလောက်ဆိုရင်မဆိုးဘူးလားလို့ပဲ။"

ငယ်နိုင်Where stories live. Discover now