23(Uni)

480 14 0
                                    

"စာမလိုက်နိုင်ရင် ကျူရှင်ယူပါ့လား။"

ရှိုင်းစာလုပ်နေစဥ် ရှိုင်းရဲ့ဘေးမှကုတင်ပေါ်မှာ ဝင်ထိုင်၍ပြောလာသူ။ခါတိုင်းအိမ်ပြန်နောက်ကျသူက ဒီနေ့မှထူးထူးခြားခြားစောစောစီးစီးပြန်ရောက်ပြီးရေမိုးချိုးလို့။အရင်နေ့တွေက ရှိုင်းမနိုးခင် အလုပ်သွား၊ပြန်လာတော့ ရှိုင်းရဲ့အိပ်ချိန်ဖြစ်နေတာနဲ့ ရှိုင်းနဲ့မျက်နှာချင်းတောင်မဆိုင်ဖြစ်။အဲ့လိုမျိုးရက်ပိုင်းလောက်ဖြစ်သွားတာ ရှိုင်းတောင်တော်တော်လေးနေသားကျသွားသည်။မနက်နိုးတာနဲ့အသင့်ပြင်ထားတဲ့မနက်စာစားပြီးကျောင်းသွား၊ကျောင်းကပြန်ရောက်ရင် ရေမိုးချိုး စာလုပ်၊ရှိုင်းအတွက်မှာပေးထားတဲ့ညစာကိုစားပြီး အိပ်ရာဝင်နဲ့ ရှိုင်းဘဝတစ်လျှောက်လုံးမှာ ဒီရက်တွေက ခြောက်ကပ်ကပ်အဖြစ်ဆုံး။ဒါပေမယ့်လည်း ရှိုင်းနေနိုင်ခဲ့ပါတယ်။ထိမိခိုက်မိတဲ့အတောအတွင်းမှာတောင် အိမ်မကပ်နိုင်တဲ့သူက နောက်ဆိုအိမ်ပြန်လာဖို့တောင်သေချာပါ့မလား။အဲ့လိုစိတ်နဲ့ ရှိုင်းကြိုးစားနေခဲ့တာ
အခုလိုမျိုးပြန်ရောက်နေချိန်မှာလည်း အရင်ကလိုစကားနိုင်လုရန်ဖြစ်နေချင်စိတ်မရှိ။တစ်ယောက်တည်းစာလုပ်ပြီး ကိုယ့်နေရာနဲ့ကိုယ် တိတ်တိတ်ဆိတ်ဆိတ်လေးနေတတ်ခဲ့သည်။

နှစ်ယောက်တည်းရှိတဲ့အိမ်မှာအကြာကြီး
ရှောင်လွှဲလို့မရ။မေးလာတာကိုတော့ ဝတ်တရားမပျက်  ရှိုင်းခေါင်းသာယမ်းပြလိုက်သည်။သူကလည်း တာဝန်နဲ့ဝတ်တရားအရစကားစလာတာလေ။ရှိုင်းလည်းဒီလိုပဲပေါ့။
အတန်းတော်တော်များများကျူရှင်မယူဘဲ ရှိုင်းစာလုပ်ခဲ့တာကို မသိတော့တာလား။မေ့သွားတာလား။ဒါမှမဟုတ် ရှိုင်းကိုပြောဖို့စကားက အဲ့လောက်တောင်ရှားနေလို့ စကားစရှာနေတာလား ရှိုင်းလည်းမပြောတတ်။ဒီလိုမျိုးနားမလည်စရာများတဲ့ မာန့်ကို ရှိုင်းတကယ်မလိုချင်ပါ။

"ရှိုင်း၊ဆေးထည့်ပေးစမ်းပါ။"

ဆေးထည့်ပေးပါဆိုလို့ ရှိုင်း ဘေးကလူဆီကိုအကြည့်ရောက်မိသည်။လက်မောင်းမှာဒဏ်ရာရှိနေတဲ့ပုံ။ဝတ်ထားတဲ့တီရှပ်အင်္ကျီကိုလှန်တင်၍ ဒဏ်ရာကိုကြည့်နေသူက ရှိုင်းဆီကိုတစ်ချက်ကြည့်မလာ။ခိုင်းသူက အတင်စီးနဲ့ခိုင်းပေမယ့် မနေနိုင်တဲ့ရှိုင်းကပဲဆေးသေတ္တာယူ၍ ဆေးထည့်ပေးဖို့လုပ်ရသည်။သူ့ဘေးသို့ဝင်ထိုင်ကာ ဆေးထည့်ပေးလေသည်။

ငယ်နိုင်Where stories live. Discover now