6(Uni)

579 22 1
                                    

"မြတ်ချယ်သားတွေမလား လာကြ၊လာကြ။"

"အမေက တောလုပ်ခတောင်းခိုင်းလိုက်လို့။"

ရှိုင်းက အိမ်ရှင်အဒေါ်ကြီးကို ရှက်ပြုံးလေးပြုံး၍ ဆိုလိုက်သည်။မာန်ကတော့ ရှိုင်းကိုကြည့်ပြီး နောက်မှနေ၍မျက်နှာမဲ့သည်။

ရှိုင်းတို့ညီအစ်ကိုနှစ်ယောက် ခြံဝမှာ တောလုပ်ခကို သူသွားတောင်း ငါသွားတောင်းနှင့်အငြင်းပွားနေတုန်း အိမ်ရှင်အဒေါ်ကြီးက မြင်သွားပြီး အလိုက်တသိအိမ်ထဲခေါ်လာသည်။ရှိုင်းက ခါတိုင်းဆို တောင်းနေကျဖြစ်ပေမယ့် ဒီအိမ်က ကောင်မလေးက ရှိုင်းကို စိတ်ဝင်စားနေသူဖြစ်သည်။မျက်နှာပြောင်ပြောင်နဲ့ ပိုက်ဆံဝင်တောင်းဖို့ ရှိုင်းနည်းနည်းမျက်နှာပူသလိုခံစားမိသည်။မာန်က ရှိုင်းဝင်မတောင်းချင်မှန်းသိလို့ တမင်ညစ်ပြီး တွက်ကပ်သည်။ညီအစ်ကိုနှစ်ယောက်အပေါက်ဝမှာ အချေအတင်ဖြစ်နေတာကို အိမ်ရှင်အဒေါ်ကြီးမြင်သွားတာဖြစ်သည်။

"သားတို့အမေကိုပြောလိုက်ပါကွယ်။အဒေါ်က လူမကြုံလို့မပေးဖြစ်သေးတာလို့။နောက်တစ်ခါလည်း လိုက်ခဲ့ပါဦးလို့။"

"ဟုတ် အဒေါ်။ပြောလိုက်ပါ့မယ်။"

ရှိုင်းက ကမ်းပေးလာသည့် ပိုက်ဆံကို တရိုတသေယူရင်းပြောသည်။

"သမီးရွှေစင်ရယ် သမီးအစ်ကိုတွေလမ်းစားဖို့ မြေပဲလှော်ထည့်ပေးလိုက်ပါဦး။"

အိမ်ရှင်အဒေါ်ကြီးက သဘောကောင်းသူဖြစ်တော့ တစ်ဖက်ရွာမှ တကူးတကပိုက်ဆံလာတောင်းရတဲ့ ရှိုင်းတို့ကို အားလည်းအားနာနေဟန်။သူတတ်နိုင်သမျှဧည့်ဝတ်ကျေရှာသည်။

ရှိုင်းက မငြင်းဘဲ လမ်းစားဖို့အတွက် ​မြေပဲလှော်များကို လက်ဖြင့်ကုပ်ပြီး လွယ်အိတ်ထဲထည့်လာသည်။လူ့ကန့်လန့်မာန်ကတော့ အားနာပါနာဖြင့်တောင်မယူပါ။ချက်ခြင်းတန်းငြင်းပစ်သည်။မာန်တစ်ယောက်နဲ့က တကယ်မလွယ်ပါ။အိမ်ရှင်များက ဒီလောက်ဖော်ရွေနေတာတောင် သူ့ဘက်က တစ်ခါတောင် ပြုံးမပြ။မျက်နှာထား တည်တည်ဖြင့်သာ။တစ်လောကလုံး သူလုပ်စာထိုင်စားနေတယ်များ မှတ်နေလားမသိ။

ငယ်နိုင်Where stories live. Discover now