3(Uni)

866 23 1
                                    

"ရှိုင်း ထ။"

မာန်က ရှိုင်း၏ပါးကိုပုတ်နိုးတော့ ရှိုင်းက မျက်နှာတစ်ချက်ရှုံ့ပြီး စောင်ကိုလုံအောင်ဆွဲခြုံ၍ ပြန်အိပ်ဖို့ပြင်သည်။ရှိုင်းက စာနဲ့ပတိသက်ရင်တာ ညဥ့်နက်အောင်နေတတ်ပြီး အိပ်ရာစောစောထတတ်သည်။ကျန်တဲ့အချိန်များတွင် ဆင်တက်နင်းရင်တောင် ပေပြီးအိပ်နေမည့်လူစားမျိုးပင်။

"ပွဲသွားကြည့်ချင်တယ်ဆိုရင် ထနော်။"

မာန်၏စကားအဆုံးထထိုင်လာသည့်ရှိုင်း။ရှိုင်းအား တစ်ခုခုလုပ်စေချင်ရင် သူကြိုက်တာများကိုသိထားဖို့လို၏။အအိပ်ကပထမ ၊အစားကနံပါတ်တစ်သတ်မှတ်ထားတဲ့ရှိုင်းက အကြောင်းသိရင် ပေါင်းရလွယ်၏။

အခုလည်း ဘုန်းကြီးပျံမှာ ပွဲပါတော့ ရှိုင်းကသွားချင်နေတာဖြစ်၏။နေမကောင်းဖြစ်နေလို့ ပထမတစ်ညကလွတ်သွားသည်။နောက်ညကျ နေကောင်းရင် လိုက်ပို့မယ် ပြောထားတော့ ဆေးတွေဘာတွေဂျီမကျဘဲကောင်းကောင်းမွန်မွန်သောက်ပြီး နေအမြန်ကောင်းဖို့အရေးကြိုးစားရှာ၏။မာန်တို့လည်း ကိုယ့်စကားအတိုင်း လိုက်ပို့ရုံသာကျန်တော့၏။

ပွဲကြည့်ရင် စတိတ်ရှိုး၊ပြဇာတ်လောက်သာ ကြည့်တတ်တဲ့ရှိုင်းကို တစ်ရေးနိုးမှလိုက်ပို့ဖို့စိတ်ကူးထားသည်။အိပ်နေရရင် အကုန်မေ့တတ်တဲ့ရှိုင်းက မြင်သည့်အတိုင်းပင်။ပွဲဆိုလို့ ကုန်းရုန်းထလာပေမယ့် မျက်လုံးကကောင်းကောင်းမဖွင့်ချင်။

"အိပ်ချင်ရင်လည်းဆက်အိပ်၊ပွဲမသွားတော့နဲ့။"

"သွားမှာ။"

အိပ်ရာထက်မှာ အိပ်ရေးမဝသည့်ပုံစံဖြင့်ထိုင်နေသူကြောင့် မာန်က ဆက်အိပ်ဖို့ပြောတော့လည်းလက်မခံ။ကြာလာရင် မာန်က သူ့ကိုအော်တော့မှာသိတဲ့ ရှိုင်းက အိပ်မှုန်စုံမွှားဖြင့် ထသွားပြီး မျက်နှာအမြန်သစ်လေသည်။

"မာန် ပြီးပြီ။"

"အဝတ်အစားမလဲဘူးလား။"

အိပ်ရာထလာသည့်ပုံစံအတိုင်း ထက်ထရွန်လက်ရှည်ကွက်နဲ့ ချည်သားဘောင်းဘီရှည်ကမပြောင်းသေးလို့ မာန်အမြင်မတော်တာနဲ့ပြောမိသည်။မြတ်သုတရှိုင်းကို ဒီပုံစံနဲ့ ပွဲခင်းခေါ်သွားရင် မာန်က အလိုလိုနေရင်းကလေးအဖေဖြစ်ဦးမှာ။မာန်ပြောတော့ စူပုပ်ပုပ်ဖြင့် အဝတ်အစားကောက်လဲသည်။မြတ်သုတရှိုင်းက မျက်နှာလေးချစ်ဖို့ကောင်းနေတာပဲရှိ၏။အပျင်းထူတာက နှစ်ယောက်မရှိ။

ငယ်နိုင်Where stories live. Discover now