20(Uni)

438 9 0
                                    

"ဒီလက်စွပ်လေးဆိုရင်ရောညီ။"

"စိန်ပွင့်တွေပါတယ်မကြိုက်ဘူး။"

ခန့်နဲ့ရှိုင်းလက်စွပ်ရွေးနေတာအတော်ကြာပြီ။အခုထက်ထိအကြိုက်မတွေ့သေး။ဆိုင်ကဝန်ထမ်းတွေကလည်းတစ်မျိုးပြီးတစ်မျိုးထုတ်ပြပေမယ့် ရှိုင်းကဘယ်လိုမှမကြိုက်။ခန့်ကလည်းရှိုင်းရဲ့စိတ်ကြိုက်သာရွေးစေသည်။သူကဘေးမှအကြံပေးရုံသာ။

ဒေါ်မြတ်ချယ်က သာသနာ့ဘောင်အပြီးဝင်ချင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ခန့်နဲ့ရှိုင်း
စတုတ္ထနှစ်အပြီး ကျောင်းပိတ်ရက်မှာစေ့စပ်ဖြစ်သွားသည်။အကြောင်းပြချက်အဲ့လောက်မရိုးရှင်းမှန်း မအေဖြစ်သူနဲ့မာန့်ရဲ့ပုံစံကိုကြည့်ပြီး ရှိုင်းရိပ်မိသည်။ရှိုင်းအနေနဲ့ ကိုယ့်ကိုယ်ကိုဘာကောင်ဖြစ်လို့ဖြစ်မှန်းမသိတာထက် တစ်ခုခုကိုပြတ်ပြတ်သားသားရွေးချယ်ထားချင်သည်။ရွေးချယ်တယ်ကအပြောသာရှိတာပါ။ဒီရက်ပိုင်းသိသိသာသာပြောင်းလဲသွားတဲ့တစ်ယောက်ကြောင့် ကိုခန့်နဲ့စေ့စပ်ဖို့ရှိုင်းပိုသေချာသွားရသည်။ကျောင်းပြန်လာကြိုနေကျလူက လာမကြိုတော့တာတွေ၊အိမ်ပြန်လာတိုင်း ကောင်မလေးတစ်ဦးရဲ့ကားနဲ့ပြန်လာနေတာတွေက ဘာတွေလဲ၊ဘာသဘောလဲ ရှိုင်းမသိချင်။ဖြစ်ခဲ့သမျှအရာရာက ကိုယ်ရဲ့အမှားလို့ပဲယူဆပြီးအဆုံးပဲသတ်လိုက်ချင်မိသည်။မာန်ထက်ရှိုင်းဆိုတာ မြတ်သုတရှိုင်း ဘဝတစ်လျှောက်လုံးအနိုင်ပေးခဲ့ရတဲ့သူမလား။

"အကြိုက်မတွေ့ရင် ကြိုက်တဲ့ပုံစံလေးအော်ဒါတင်ခဲ့မလား။"

ခန့်အပြောကို ရှိုင်းခေါင်းယမ်းပြသည်။

"ကျွန်တော်ဒီထဲကကြိုက်တာပဲရွေးလိုက်တော့မယ်။"

"မကြိုက်ရင်မယူပါနဲ့။"

"ရတယ်။နောက်ကျအကြိုက်တွေ့ရင်ကိုခန့်ထပ်ဝယ်ပေးပေါ့။"

"ဟုတ်ပါပြီဗျာ။ဝယ်ပေးပါ့မယ်။"

ရှိုင်းက လက်စွပ်ရွေးရင်း ကလေးဆန်စွာဆိုတော့ ခန့်ကရယ်မော၍ဆိုလေသည်။

လက်စွပ်ရွေးနေတဲ့ခန့်နဲ့ရှိုင်းကိုကြည့်ပြီး အမေသုံး​ယောက်မှာလည်းသဘောကျနေကြသည်။

ငယ်နိုင်Onde histórias criam vida. Descubra agora