"ကိုကို ပြန်လာတယ်။"
အသံနဲ့အတူ ခန့်သူရိန်ဦးဆီအပြေးလေးလာသည့် လွန်းစေရာဦး။ခန့်သူရိန်ဦးကတော့ အပြင်မှပြန်လာသည့် လွန်းပုံစံကို မျက်မှောင့်ကြုတ်၍ကြည့်နေသည်။crop top အဖြူလေးနဲ့ ဘောင်းဘီပေါင်လယ်လောက်လေးဝတ်ထားတဲ့ လွန်းပုံစံက အရင်က ခန့်နဲ့အတူရှိတုန်းကပုံစံနဲ့ လုံးလုံးကွဲပြားနေသည်။
လွန်းမာမီနဲ့ ခန့်မာမီက ငယ်သူငယ်ချင်းများဖြစ်ကြတော့ ခန့်နဲ့လွန်းက ငယ်ငယ်ကတည်းက ရင်းနှီးကြသည်။လွန်းဘဝက အစစအရာရာပြည့်စုံပေမယ့် မေတ္တာငတ်ရှာ၏။လွန်း မာမီနဲ့ဒယ်ဒီက လွန်းကြောင့်သာ လင်မယားဆိုတဲ့ခေါင်းစဥ်အောက်မှာရှိနေကြသေးတာဖြစ်၏။ဒီလို အဆင်မပြေတဲ့မိသားစုမှာ ပေါက်ဖွားလာတဲ့လွန်းကငယ်စဥ်ကတည်းက မေတ္တာငတ်ခဲ့ရသည်။လွန်းဘဝလေးမှာ မေတ္တာတွေပေးပြီး ကြင်နာပေးခဲ့တာ ခန့်သူရိန်ဦးတစ်ယောက်သာ။ဒီလိုမျိုး လွန်းအတွက်အရေးပါတဲ့ခန့်ကနယ်မှာရှိတဲ့အဘွားဆီကျောင်းသွားတတ်ဖို့ဖြစ်လာသည်။ခန့်ကို မသွားဖို့ဖက်တွယ်ပြီးအတင်းငိုခဲ့တဲ့ကလေးလေးက အခုတော့များစွာပြောင်းလဲခဲ့ပြီ။
ကိုကိုမှကိုကိုဆိုတဲ့ကလေးက အခုတော့ သူငယ်ချင်းများနှင့် အပြင်လျှောက်လည်တဲ့အထိကိုပြောင်းလဲသွားသည်။အချိန်တွေကပဲ စကားပြောသွားတာလားမသိ။အခုလွန်းရဲ့ပုံစံကို ခန့်သဘောမတွေ့လှ။လွန်းက ငယ်ငယ်ကတည်းက အလှအပကြိုက်ချင်သည်။သူ့ဆံပင်များ ခန့်က အသည်းယားပြီးဆွဲဖွတာဖြစ်ဖြစ်၊သနပ်ခါးအပြည့်လူးထားတဲ့ပါးပြင်ကို အတင်းမွှေးကြူတာဖြစ်ဖြစ် စိတ်ဆိုးစိတ်ကောက်တတ်သည်။ဒါလေးတွေက ငယ်စဥ်ကတည်းက ခန့်အသည်းတယားယားဖြင့် အကြိမ်ကြိမ်စနောက်ပြီး စိတ်ကောက်သွားတဲ့လွန်းပေါက်လေးကို အကြိမ်ကြိမ်ချော့ခဲ့ရသည့်အရာများဖြစ်သည်။
လွန်းက သူ့မာမီဆီကလှပမှုအမွေအနှစ်အားလုံးကိုရထားသူပီပီ ရှည်လျားကော့ညွှတ်သောမျက်တောင်များ၊နှင်းဆီဖူးရောင်နှုတ်ခမ်းများကို ပိုင်ဆိုင်ထားသည်။ယောကျ်ားလေးတန်မဲ့ အသားအရည်ကလည်းလှရက်လွန်းလှသည်။ရှိရှိသမျှအလှတရားများက လွန်းဆီမှာများ စုဝေးနေသလား ထင်မှတ်ရသည်။ဒီလိုမျိုးမြင်လူတကာငေးအောင်လှတဲ့လွန်းက အခုလိုမျိုးပြင်ဆင်ခြယ်သနေတာကို ခန့်သဘောမကျ။
![](https://img.wattpad.com/cover/286138337-288-k977918.jpg)
YOU ARE READING
ငယ်နိုင်
Romanceတစ်ဘဝလုံးစာအတွက်အနိုင်ယူပါ တစ္ဘဝလုံးစာအတြက္အႏိုင္ယူပါ Photo From Pinterest