22(Uni)

415 6 0
                                    

"ရှိုင်းစားပြီးရင် အခွံတွေကို အမှိုက်ပုံးထဲတစ်ခါတည်းထည့်။"

မာန်က ပစ္စည်းတွေနေရာချရင်းမှ လှမ်းအော်လေသည်။ဒီနေ့ ရှိုင်းနဲ့မာန် အိမ်ခွဲတဲ့နေ့။နှစ်ယောက်လုံးက ယောကျ်ားလေးဆိုတော့ အိမ်ထောင်မှုပစ္စည်းများက သိပ်များများစားစားမဟုတ်။နှစ်ယောက်ရဲ့အဝတ်အစားနဲ့ ရှိုင်းစာအုပ်တွေရယ်၊တခြားအသုံးအဆောင်အနည်းအကျဥ်းရယ်သာ။မာန်က ရောက်ကတည်းက တိုက်ခန်းကို သန့်ရှင်းရေးလုပ်၊ပစ္စည်းများနေရာချနဲ့အလုပ်ရှုပ်နေသည်။ရှိုင်းကတော့ မာန်နဲ့မတူ။ဆိုဖာရှည်ပေါ်ထိုင်ပြီး ဖုန်းကြည့်နေသည်။မာန့်ကို နည်းနည်းမှမကူ။မကူတဲ့အပြင် အနှောင့်အယှက်တောင်ပေးလိုက်သေး၏။မုန့်နဲ့ ပါးစပ်မပြတ်တတ်တဲ့ရှိုင်းအတွက် အပျင်းပြေစားဖို့ မာန်ဝယ်လာတဲ့မုန့်များကို တစ်ထုပ်ပြီးတစ်ထုပ်ဖောက်စားနေသည်။စားရုံနဲ့တင်မပြီး။အမှိုက်ကလည်းရှုပ်သေး၏။မာန် နောက်ကနေ လိုက်သိမ်းမနိုင်ဖြစ်နေ၏။အစကတော့ လုပ်စမ်းဆိုပြီး မာန်ကြည့်နေသေးပေမယ့် သည်းမခံနိုင်တဲ့အဆုံး မာန်ထပြောရလေသည်။မာန်ပြောတာကို အရေးမလုပ်။နေကြာစေ့ကို အခွံခွာပြီး စိမ်ပြေနပြေထိုင်စားနေသူက သိပ်အူးယားဖို့ကောင်း၏။

"မြတ်သုတရှိုင်း! ငါပြောနေနော်။"

မာန်အော်လိုက်မှ နေကြာစေ့အိတ်ခွံတောင် ကြမ်းပြင်ပေါ်လွှင့်လိုက်သေး၏။

"ဘယ်ပြေးတာတုန်းပြန်လာခဲ့။"

"မင်းအရင်သွားလိုက်။"

မာန်အူးယားလို့ စကားနားမထောင်သူကို အနားသွားပြီးဆုံးမမယ်လုပ်တော့ လျင်ချက်ကတော့ ဆိုဖာပေါ်ကိုခွကျော်ပြီး ဟိုဘက်ထွက်ပြေးသည်။တိုက်ခန်းအသစ်လေး၏ဧည့်ခန်းလေးမှာ မာန်တို့နှစ်ယောက်ထုပ်ဆီးထိုးသလိုဖြစ်နေ၏။

"စကားနားမထောင်တာဘယ်သူလဲ။"

"မင်းလုပ်ကိုင်ကျွေးမယ်ဆိုလို့ မင်းနဲ့လိုက်လာတာလေ။ဒါလေးလုပ်ရတာကို မင်းကနာတယ်ထင်နေတာလား။"

"မထင်ပါဘူး။လူက အရင်ဒီနားလာလိုက်ပါ။"

"မင်းအရင်သွားလိုက်။"

ငယ်နိုင်Where stories live. Discover now