"ညီ အတန်းမဆင်းသေးဘူးလား။"
ခန့်သူရိန်ဦးက မေးရင်းဖြင့် ရှိုင်းဘေးသို့ဝင်ထိုင်လိုက်သည်။ခန့်နဲ့ရှိုင်းက အတန်းမတူပေမယ့် တစ်ဘော်ဒါတည်းဆိုတော့ ရင်းနှီးလာကြသည်။စာအမြဲလိုချင်ပြီး ကြိုးစားနေတတ်တဲ့ ရှိုင်းက ခန့်အတွက် ခင်မင်စရာညီလေးတစ်ယောက်ဖြစ်နေသည်။
"မဆင်းသေးဘူး ကိုခန့်။သင်္ချာတစ်ပုဒ်တွက်မရသေးလို့။ကိုခန့်ရော ထမင်းစားမပြန်သေးဘူးလား။"
ခန့်က အပြင်မှ ကျူရှင်လာတတ်သူဖြစ်သည်။ထမင်းစားချိန်ကို အိမ်ပြန်စားရသည်။ဆယ်တန်းဆိုတော့ စာသင်ချိန်များပြည့်နေပြီး ထမင်းကို အပြေးအလွှားသာပြန်စားရတတ်သည်။
"ပေး။ကိုယ် ကူတွက်ပေးမယ်။"
ခန့်က ပြောလည်းပြော၊ရှိုင်းရှေ့မှ စာအုပ်ကို ဆွဲယူပြီး ကူတွက်လေသည်။
"ရပြီလား။"
ခန့်က အဖြေရတာနဲ့ ဖောင်တိန်ချပြီး ရှိုင်းအား ပြုံး၍မေးလာသည်။ရှိုင်းက သူခက်ခက်ခဲခဲဖြင့်တွက်သော်လည်း အဖြေမရဘဲ ခန့်က ခဏလေးတွက်တာနဲ့အဖြေရသွားတာကြောင့် နှာခေါင်းလေးရှုံ့၍
"ဒီလိုကျတော့လည်း လွယ်သားပဲ။"
"ဒီအချက်ကို မေ့မသွားနဲ့။ဒီအချက်ကို မေ့လိုက်တာနဲ့လည်မှာပဲ။"
ခန့်က ပုစ္ဆာထက်မှအချက်တစ်ချက်ကို ဖောင်တိန်ဖြင့်ဝိုင်း၍ ရှိုင်းအား ပြောလေသည်။အဲ့ဒီအချက်ကိုပဲ အမြဲမေ့တတ်တဲ့ရှိုင်းကတော့ နှာခေါင်းလေးသာ ရှုံ့နေ၏။
"လုပ်နိုင်ပါတယ်။"
ရှိုင်းပုံစံကိုကြည့်ပြီး ခန့်က အသည်းယားစွာဖြင့် ဆံပင်ဆွဲဖွ၍ ဆိုလေသည်။
"ဒါတွေ အကုန်လုံးမှတ်မိတဲ့ ကိုခန့်ကို အားကျလိုက်တာ။"
"ကိုခန့်လိုဖြစ်ချင်ရင် များများစားပြီးများများအိပ်။"
"အဲ့လောက်လွယ်လားဟင်။"
ခန့်အား မျက်လုံးလေးပြူးပြီးမေးလာသည့် ရှိုင်းက ခန့်ပြောသမျှအားတကယ်ယုံကြည်နေမှန်းသိသာလှ၏။
YOU ARE READING
ငယ်နိုင်
Romanceတစ်ဘဝလုံးစာအတွက်အနိုင်ယူပါ တစ္ဘဝလုံးစာအတြက္အႏိုင္ယူပါ Photo From Pinterest