"လွန်း....ဒီဘက်လှည့်။"
"အား...နေ ငါမျက်နှာမသစ်ရသေးဘူး။"
မျက်နှာမသစ်ရသေးဘူးဆိုပြီး စာအုပ်နဲ့အတင်းကွယ်သည့်ကောင်လေး။ဗွီဒီယိုရိုက်နေတဲ့ကောင်လေးကလည်းအလျော့မပေးဘဲအတင်းလိုက်ရိုက်နေတော့မြင်ကွင်းလေးကချစ်စဖွယ်ဖြစ်နေ၏။
"ဒါကတော့ လွန်းစေရာဦးဆိုတဲ့အလှပဂေးလေးရဲ့အိပ်ရာနိုး မျက်နှာမသစ်ဘဲစာထိုင်ကြည့်နေတဲ့မြင်ကွင်းလေးပါ။"
"နေ....ငါတကယ်ရိုက်မှာနော်။"
တစ်ဖက်ကောင်လေးကအတင်းလိုက်ရိုက်ယူနေတော့လက်ထဲမှာစာအုပ်ဖြင့် တစ်ဖက်လူကိုပြန်လည်ရိုက်နေသည့်ကောင်လေးက ပြောင်ရှင်းနေတဲ့မျက်နှာကြည်လေး။အိပ်ရာနိုးကာစပွယောင်းနေတဲ့ဆံပင်များဖြင့် ဘာမှခြယ်သခြင်းမရှိတောင် မြင်သူတကာကလှရက်လိုက်တာဟုမှတ်ချက်မပြုဘဲမနေနိုင်။ဒူးအထက်သာရှိတဲ့ဘောင်ဘီတိုလေးနဲ့တီရှပ်အဖြူလေးကလည်း နို့နှစ်ရောင်ကြည်လင်နေသောအသားအရည်ကိုလှစ်ဟပြနေလေ၏။မျက်နှာထက်မှအပြုံးလှလှလေးကိုထပ်ပေါင်းလောက်တော့ ဒီလူသားလေး၏ပြည့်စုံခြင်းကိုလိုက်လို့ပင်မမီနိုင်။
"တောက်!"
ခန့် ဒီဗွီဒီယိုကိုကြည့်တာအကြိမ်မနည်းတော့။ကြည့်ပြီးတိုင်းလည်း အခုလိုဒေါသထွက်ရမြဲ။လွန်း ငယ်ငယ်ရွယ်ရွယ်ရည်စားထားတဲ့ကိစ္စကိုလား။လွန်းအခန်းထဲ သူမဟုတ်တဲ့အခြားတစ်ယောက်နဲ့အတူရှိနေတဲ့ကိစ္စကိုလား။လွန်းကို စနောက်ခွင့်က သူမဟုတ်တဲ့တခြားတစ်ယောက်ဆီမှာလည်းရှိနေတဲ့အတွက်လား။ခန့်ကိုယ်တိုင်ပင်မသိ။
ဒီဗွီဒီယိုက နေဆိုတဲ့အကောင့်က လွန်းကို Tag တွဲပြီးတင်ထားတာဖြစ်၏။တစ်ခုခုဆို facebook ပေါ်ပြေးတင်၍ social media နဲ့ ပတ်သတ်ပြီး active ဖြစ်လွန်းတဲ့လွန်းက စာလုပ်နေတဲ့ကာလပတ်လုံး social media ကိုလုံးဝနားပစ်သည်။အခုဗွီဒီယိုလေးက ဝေးနေတဲ့ကာလပတ်လုံးမှာ လွန်းပုံစံကို ခန့်ပထမဆုံးမြင်ရသည့်ဗွီဒီယိုဖြစ်၏။
ဆံပင်ကာလာကို ထမင်းစားရေသောက်လိုပြောင်းလဲနေတဲ့လွန်းက ဆံပင်အမည်းရောင်ကာလာတောင်အရင်လိုသေချာပုံသွင်းထားတာမဟုတ်။တိုတိနေအောင်ညှပ်ထားပြီး ရိုးရိုးရှင်းရှင်းလေးဖြစ်နေ၏။
YOU ARE READING
ငယ်နိုင်
Romanceတစ်ဘဝလုံးစာအတွက်အနိုင်ယူပါ တစ္ဘဝလုံးစာအတြက္အႏိုင္ယူပါ Photo From Pinterest