31(Uni)

516 10 0
                                    

"အမေ၊အိမ်ပြန်ပြီး နားပါ့လား။"

"မနားချင်ပါဘူးကွယ်။ကလေးအနားက အမေရှိနေမှ။မင်းတို့နှစ်ယောက်က ဘာမှလုပ်တတ်တာမဟုတ်ဘူး။"

ဒေါ်မြတ်ချယ်ပြောတာလည်းမှန်နေတော့ ရှိုင်းလည်းဘာမှထပ်မပြောတော့။ရှိုင်းက ညဘက်ပြန်ပြန်ဖျားနေလို့ စိတ်မချတာနဲ့ ဆေးရုံကမဆင်းရသေး။ကလေးအတွက်ကလည်း ဒီမှာသူနာပြုတွေဘာတွေနဲ့အဆင်ပြေလို့ ဆေးရုံမှာပဲဆက်ထား၏။မာန်ကလည်း ဒေါ်မြတ်ချယ်ရှိနေတော့ ညဘက်မှလာစောင့်အိပ်၏။နေ့ခင်းဘက်မှာတော့ အလုပ်သွား၏။အခုလိုနေ့ခင်းအချိန်မျိုးဆို ရှိုင်းတို့သားအမိသာရှိနေ၏။

"အမေ။"

"ဟင်။"

"အဲ့ဒီအဝတ်အစားတွေနောက်မှခေါက်ပါ။သားအမေ့ပေါင်ပေါ်မှာအိပ်ချင်လို့။"

ရှိုင်းစကားကြားတော့ အဝတ်အစားခေါက်နေတဲ့ဒေါ်မြတ်ချယ်ကရယ်ပြီး အဝတ်အစားခေါက်လက်စကိုရပ်ကာ ရှိုင်းရဲ့ကုတင်လေးပေါ်သွားထိုင်လေသည်။

"ကဲ..ပြော...အမေ့ကို ဘာတွေများချွဲချင်လို့လဲ။"

"ချွဲချင်လို့မဟုတ်ပါဘူး။သားက အမေ့ကိုလွမ်းလို့။"

ရှိုင်းက ဒေါ်မြတ်ချယ်ပေါင်ပေါ်လှဲချ၍ ကလေးတစ်ယောက်လို ချွဲနွှဲ့ဆိုလာသည်။အသက်နှစ်ဆယ်ကျော်အရွယ်သားက အမေ့ရင်ခွင်ထဲခေါင်းတိုးဝင်ပြီးချွဲတော့ ဒေါ်မြတ်ချယ်လည်းပူပင်သမျှသောကတွေခဏတာမျှမေ့သွားလေသည်။သား၏ခေါင်းလေးကို လက်ဖြင့်ဖွ၍ သားမျက်နှာချောချောလေးကိုသာကြည့်နေ၏။

"အမေ။"

"ဟင်။"

"အမေ စိတ်ညစ်နေလား။"

"အမေ စိတ်ညစ်ရတာထက် သားတို့တွေစိတ်မချမ်းသာရမှာဆိုးတာ။အမေတို့က နေရလည်း အချိန်ခဏပဲ။သားတို့က အချိန်အကြာကြီးနေရဦးမှာ။အမေ့ဆန္ဒအရဆိုရင် သားတို့နှစ်ယောက်ကို အဆုံးထိချစ်ချစ်ခင်ခင်ရှိစေချင်တာ။သားတို့နှစ်ယောက်ကဘယ်လိုမှရှေ့ဆက်လို့မဖြစ်တော့ဘူးဆိုလည်း တစ်ယောက်တစ်ဘဝစီပျော်ပျော်ရွှင်ရွှင်နဲ့ရှေ့ဆက်ကြပေါ့။"

ငယ်နိုင်Where stories live. Discover now