ဟန်နီချို သူ့မျက်နှာကို လာထောက်တဲ့နေရောင်ကို လက်ဖြင့်ကွယ်လိုက်သည်။နေမင်းကြီးကတော့ သူ့တာဝန်အရအလင်းရောင်အဖြစ်ပေးတာ ဘယ်သူ့ကိုမှအနှောင့်အယှက်ဖြစ်ဖို့ရည်ရွယ်တာမဟုတ်။ဟန်နီ့လိုမျိုး အနှောက်အယှက်ဖြစ်သွားရင် နေရောင်ကိုကွယ်စရာ ကိုယ့်မှာလက်နှစ်ဖက်ရှိနေသား။အလင်းရောင်ပေးနေတဲ့နေမင်းကြီးကိုအပြစ်မဆိုစေချင်။ကာဖို့မေ့နေတဲ့ကိုယ့်ကိုသာ ဦးစွာအပြစ်ဆိုသင့်၏။ဟန်နီချိုလည်း တစ်ချိန်ကနေရောင်ကိုကွယ်ဖို့မေ့ခဲ့ဘူး၏။ဟန်နီ့ချိုလိုပဲ အဖြူလည်းမေ့လျော့သွားဟန်။အဖြူအကြောင်းခေါင်းထဲရောက်လာတာနဲ့အဖြူနဲ့ပြောခဲ့တာတွေကို ဟန်နီပြန်သတိရလာမိသည်။
"ကလေးအဖေက မာန်လား။"
အဖြူကဘာမှမပြော တွင်တွင်သာငိုနေ၏။
"ဘယ်အချိန်ကတည်းက မာန်နဲ့ပက်သတ်မှုရှိနေတာလဲ။"
ဟန်နီချိုစိတ်စောစွာနဲ့မေးခွန်းတွေသာမေးနေမိ၏။မာန်က အဖြူနဲ့ပတ်သက်မှုရှိနေတာတောင် ရှိုင်းနဲ့ပတ်သက်ဖို့ကြိုးစားခဲ့တယ်ဆိုရင် မာန်လွန်၏။ဒါမှမဟုတ် ရှိုင်းနဲ့ပတ်သက်ပြီးမှ အဖြူနဲငြိစွန်းခဲ့တယ်ဆိုရင် မာန့်ဘက်ကသစ္စာမဲ့တာဖြစ်၏။စိတ်ထဲမှာ ရှိုင်းအတွက်ဖြည်မဆည်ခြင်းများစွာနဲ့ အဖြူ့အတွက်ထည့်မစဥ်းစားနိုင်ဖြစ်သွားသည်။သူ့ရှေ့မှာရှိုက် ကြီးတငင်ငိုနေတဲ့အဖြူ့ကိုမြင်မှသတိပြန်ကပ်လာနိုင်ပြီး
"မငိုပါနဲ့ကွယ်။အားလုံးကို မျှမျှတတဖြစ်စေရပါမယ်။"
အဖြူ့လက်ကို ဟန်နီကဆုပ်ကိုင်ပြီးဆိုတော့ အဖြူကခေါင်းတွင်တွင်သာရမ်းလေသည်။
"ကလေးအတွက်လည်းကြည့်ရမယ်လေ။ကလေးက မိစုံဖစုံနဲ့ကြီးပျင်းရမှာပေါ့။အန်တီချို မာန့်ကိုရအောင်ပြောပေးပါ့မယ်။"
"ကိုကြီးကို မပြောပါနဲ့ အဖြူတောင်းပန်ပါတယ်။"
"မပြောလို့ဘယ်ဖြစ်မလဲ။"
"တကယ်တော့လေ အဖြူမှားတာပါ။ကိုကြီးက အဖြူ့ပေါ်မှာ ကျေးဇူးတွေအများကြီးရှိပါတယ်။အဖြူက ကိုကြီးအပေါ်မှာကျေးဇူးမသိတတ်တာပါ။"

KAMU SEDANG MEMBACA
ငယ်နိုင်
Romansaတစ်ဘဝလုံးစာအတွက်အနိုင်ယူပါ တစ္ဘဝလုံးစာအတြက္အႏိုင္ယူပါ Photo From Pinterest