"သားငယ်ထမင်းစားရအောင်။"
ဒေါ်မြတ်ချယ်ထမင်းပွဲပြင်ဆင်ပြီးနောက်သားဖြစ်သူကိုခေါ်လိုက်သည်။
"သားမစားချင်ဘူးအမေ။"
"မစားလို့ဘယ်ဖြစ်မလဲ။"
ဒေါ်မြတ်ချယ်ကပါးစပ်ကလည်းပြော လူကိုယ်တိုင်ကလည်း သားဖြစ်သူရှိရာအခန်းဆီသို့တက်ခဲ့သည်။ဒီရက်ပိုင်း သူ(မ)၏သားငယ်မျက်နှာမလန်းလို့ အရိပ်တကြည့်ကြည့်လုပ်နေရသည်။အခန်းထဲရောက်တော့ ထင်တဲ့အတိုင်းတစ်ဖက်လှည့်၍အိပ်နေသည့်သားဖြစ်သူကြောင့် ဒေါ်မြတ်ချယ်သက်ပြင်းချမိသွားသည်။
"သားရယ် မာန်က သားကိုစိတ်ဆိုးလို့သွားတာမဟုတ်ပါဘူး။သူကိုယ်တိုင်က အလုပ်လုပ်ချင်လို့ပါ။"
မာန်က ကျောင်းပိတ်ကတည်းက မြို့မှာရေသန့်ကားမောင်းသည့်အလုပ်ကိုသွားလုပ်သည်။ရှိုင်းနဲ့မာန်က မသင့်မြတ်ကြသေးတော့ ရှိုင်းအမြင်မှာ မာန်က သူ့ကိုရှောင်သွားသည်ဟုမြင်သည်။ဒီကိစ္စကြောင့် ရှိုင်းက တငိုငိုတရယ်ရယ်ဖြစ်နေ၏။
"အမေ သားကို လာမနှစ်သိမ့်ပါနဲ့။မာန်ကသားကိုရှောင်နေတာအသိသာကြီးကို။"
ရှိုင်းက အိပ်ရာမှထပြီး ဝမ်းနည်းစွာဆိုလေသည်။
ငယ်စဥ်ကတည်းက သူနဲ့တစ်အိပ်ရာတည်းအိပ်နေကျမာန်က အိပ်ရာခွဲအိပ်တဲ့ကိစ္စကလည်း ရှိုင်းအတွက် စိတ်ခုစရာဖြစ်နေရ၏။
"နောက်ပြီး သားကိုမမြင်ချင်တာနဲ့ အဲ့လိုမျိုးရှောင်ထွက်စရာမလိုပါဘူး။သူ့အစား သားကထွက်သွားပေးမှာပေါ့။"
"သားရယ်အဲ့လိုမဟုတ်ပါဘူး။မာန်က သားကို စိတ်မဆိုးပါဘူး။အခုက သွေးပူတုန်းမလို့လက်မခံနိုင်ဖြစ်နေတာ။"
ဒေါ်မြတ်ချယ်က သားဖြစ်သူ၏မျက်နှာပြင်ထက်မှ မျက်ရည်များကိုသုတ်ဖယ်၍ဆိုသည်။
"မာန်က သားကို ဒီလောက်ချစ်တာ။အခုက သူကလေးလို့သတ်မှတ်ထားတဲ့ညီလေးက ရည်စားထားတယ်ဆိုတော့ လက်မခံနိုင်ဖြစ်နေတာ။"
"အခုသားနဲ့ကိုခန့်က ဘာပတ်သက်မှုမှမရှိတော့ဘူးလေ။သူက အဲ့တာကိုမကျေနပ်နိုင်သေးဘူး။"
![](https://img.wattpad.com/cover/286138337-288-k977918.jpg)
YOU ARE READING
ငယ်နိုင်
Romanceတစ်ဘဝလုံးစာအတွက်အနိုင်ယူပါ တစ္ဘဝလုံးစာအတြက္အႏိုင္ယူပါ Photo From Pinterest