24(Uni)

397 8 0
                                    

"လွန်း မသွားနဲ့။ငါတို့ နောက်ထပ်နည်းလမ်းရှာကြမယ်။"

ကားပေါ်တက်ခါနီးလွန်းအား နေက လက်ကိုဆုပ်ကိုင်ပြီး ဖျောင်းဖျလေသည်။

"နေ၊ငါကယောကျ်ားလေး ဘာမှဖြစ်မသွားဘူး။နွေးက မိန်းကလေး၊သူတစ်ခုခုဖြစ်သွားလိမ့်မယ်။"

လွန်းက နေ့ပခုံးကိုပြန်လည်ဆုပ်ကိုင်ပြီး သူစိုးရိမ်သည်ကိုပြောပြလေသည်။သူ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးလည်းပြင်းမယ့်ပုံမပေါ်။

"တောက်!"

ခံပြင်းစွာနဲ့ နေတောက်ခေါက်မိ၏။ဒီနေ့ ဖိုင်နယ်စာမေးပွဲပြီးတဲ့နေ့။တစ်နှစ်လက်တွေ့ဆင်းပြီးရင် ဆရာဝန်ဖြစ်တော့မယ့် သူတို့တစ်စု ကိုယ့်ကိုဂုဏ်ပြုတဲ့နေရာက ထုံးစံအတိုင်း ကလပ်တစ်ခုမှာပင်။အကုန်လုံးပျော်ရွှင်နေချိန်မှာ သန့်စင်ခန်းကိုသွားတဲ့နွေးရုတ်တရက်ပျောက်သွားတာက သူနဲ့လွန်းကို ထိတ်လန့်စေခဲ့သည်။လက်လှမ်းမီသလောက်ရှာပေမယ့် သွေးရိုးသားရိုးပျောက်သွားတာမဟုတ်တဲ့နွေးကို ဘယ်လိုမှရှာမတွေ့ခဲ့။လွန်းကိုလိုချင်လို့ နွေးကိုငါးစာအဖြစ်သုံးသွားကြတာ။နွေးကိုလုံလုံခြုံခြုံနဲ့ပြန်ပို့ပေးမယ်။အပြန်အလှန်အနေနဲ့ လွန်းက သူတို့ဆီလာပေးရမယ်တဲ့။ယုတ်မာလိုက်ကြတာ။

လွန်းက နေ့ကို နှစ်သိမ့်ပေးပြီး အသင့်စောင့်နေတဲ့ ကားပေါ်ကိုတက်သွားသည်။

"ခွမ်း။"

ဘာမှမတတ်နိုင်ရှာတဲ့နေကတော့ ဆောက်တည်ရာမရစွာနဲ့ ဘေးမှအလှပန်းအိုးများကို ရိုက်ခွဲလေသည်။

ဒီလူယုတ်မာ စကားမတည်လို့ကတော့ သူ့လက်နဲ့ကိုယ်တိုင်သတ်ပစ်မယ်။

💛

"လွန်း၊အခုချက်ချင်းပြန်လာခဲ့။လွန်း အဲ့လိုမဖြစ်ရဘူး။"

"ဘာမှမဖြစ်ပါဘူး နွေးရ။နွေးအဆင်ပြေရင် လွန်းလည်းအဆင်ပြေပါတယ်။နေ့ကိုလည်း စိတ်မပူနဲ့လို့ပြောလိုက်ဦး။"

"ဘာအဆင်ပြေတာလဲ လွန်း.....တီ။"

တစ်ဖက်မှ နွေးရဲ့စကားပင်မဆုံးသေး၊လွန်းလက်ထဲမှဖုန်းက ဆွဲယူ၍အပိတ်ခံလိုက်ရသည်။

ငယ်နိုင်Where stories live. Discover now