29(Uni)

419 7 0
                                    

"ကိုခန့်ရပ်၊ဒီဆိုင်မှာစားရအောင်။"

ပိုးလွန်းသံသာရဲ့စကားကြောင့် ခန့် လူအသင့်အတင့်ရှိတဲ့လမ်းဘေးဆိုင်လေးတစ်ခုဘေးမှာကားကိုရပ်လိုက်ရသည်။အိမ်မှာထမင်းကျွေးဖို့ပြင်ဆင်ပြီးမှ အန်တီပိုးပိုးက အပြင်ထွက်စားရအောင်ဆိုလို့ သူတို့လေးယောက်အပြင်ထွက်လာတာ။နိုင်ငံခြားမှာအနေကြာလာတဲ့အန်တီပိုးပိုးက သူတို့အိမ်ကထမင်းဟင်းတွေခံတွင်းမတွေ့လို့ နိုင်ငံခြားအစားအသောက်ကောင်းတွေရှိတဲ့ဆိုင်တစ်ဆိုင်မှာသွားစားမယ်လို့ခန့်ထင်မိတာပေါ့။အခုတော့ လမ်းဘေးဆိုင်လေးတစ်ခုတဲ့။လွန်းအတွက်ကဘယ်လိုမှအဆင်မပြေနိုင်။လွန်းက ကျောင်းက ကန်င်တင်းမှာတောင်စားတတ်တဲ့သူမဟုတ်။

"အန်တီပိုးပိုး တခြားဆိုင်သွားရအောင်ပါ။လွန်းအတွက်ဒီဆိုင်ကအဆင်ပြေပါ့မလား။"

"ဘာလို့အဆင်မပြေရမှာလဲ။"

"လွန်းက ဒီလိုဆိုင်မျိုးတွေမှာတစ်ခါမှမစားဖူးဘူး။"

"လွန်းလေးက ဒီဆိုင်မျိုးတွေမှာမစားဖူးရင် ပိုတောင်စားသင့်သေးတယ်။ဒီဆိုင်မျိုးလေးတွေကမှ လူ့လောကရဲ့အနှစ်သာရတွေရှိတာ။"

ပိုးပိုးတို့သူငယ်ချင်းတစ်စုငယ်စဥ်က ဒီဆိုင်လေးတွေမှာ ခြေချင်းလိမ်အောင်ဝင်ထွက်ဖူးသည်။အဆင်မပြေတာညည်းတွားရင်း၊ဘဝအမောတွေရယ်မောရင်းပေါ့။ကြိုက်နှစ်သက်တဲ့အသုပ်စုံကိုစားရင်း ငရုပ်သီးစပ်လို့ရစ်ဝိုင်းခဲ့တဲ့မျက်ရည်တွေထဲမှာ အဆင်မပြေခြင်းကြောင့်ရောယောင်ကျခဲ့ရတဲ့မျက်ရည်တွေလည်းပါခဲ့ဖူးသည်။အဲ့ဒီအရွယ်တုန်းက လောကဓံရိုက်ချက်တွေကြားလူးလိမ့်ခံခဲ့ရတဲ့သူတို့တစ်စုကိုပြန်လည်မြင်ယောင်ရင်း အရင်လိုအသုပ်စုံလေးတစ်ပွဲစားကြည့်ချင်လို့ ပိုးပိုးကဒီဆိုင်လေးကိုရွေးချယ်လိုက်တာ။ပိုးပိုးဘေးမှာထိုင်နေတဲ့ မီမီကလည်း ပိုးပိုးနဲ့ထပ်တူပေမယ့် ကလေးတွေပါနေတော့ ကလေးတွေကိုသာဦးစားပေးချင်သည်။ပိုးပိုးကတော့အလျော့ပေးမယ့်ပုံမပေါ်။လွန်းကို ဦးစေရာပိုင်ချပေးထားတဲ့ပုံစံခွက်ထဲမှာရှင်သန်နေတာကို ပိုးပိုးကလုံးဝမကြိုက်။

ငယ်နိုင်Where stories live. Discover now