18(Zaw)

139 1 0
                                    

"ကျွီ။"

လွန်းကားဘေးမှာထိုးရပ်လာတဲ့ကားလေးကြောင့် လွန်းအံ့သြမှင်သက်သွားသည်။သေချာပေါက် ဒီပွဲကိုမတက်ဘူး​ပြောတဲ့သူက ဘယ်လိုဖြစ်ရတာလဲ။ကားပေါ်မှာဆင်းလာတဲ့တီချိုကလည်း လွန်းဘေးကနေ့ကိုအားနာနေဟန်။ကာယကံရှင်ကတော့ မျက်နှာကြီးတည်တင်းနေဆဲ။

လွန်းတို့က ဟန်နီချိုဖိုတို​ကြော်ငြာလေးကြောင့်အတော်လေးနာမည်ရသွားသည်။နာမည်လေးရတော့ အခုလိုပွဲမျိုးတွေက ကမ်းလှမ်းကြသည်။ကျောင်းတစ်ဖက်နဲ့ပွဲတက်ဖို့အဆင်မပြေတော့ငြင်းရတာများ၏။ဒီကုန်ပစ္စည်းမိတ်ဆက်ပွဲကိုသာ ဟန်နီချိုမျက်နှာကြောင့်တက်ပေးရဖို့ဖြစ်လာသည်။

လူတွေက အသည်းကွဲပြီးရင် ပိုစမတ်ကျလာတတ်တယ်တဲ့။လွန်းလည်းထိုနည်းတူပင်။တီချိုလာပြောတော့ လှူမှုရေးသိတတ်စွာ လွန်းက လက်ခံလိုက်ပေမယ့် လွန်းရဲ့ကိုကိုလူဂွစာကြီးကတော့မတက်နိုင်ကြောင်းငြင်း၏။လွန်းနဲ့အတူပွဲတက်ပေးမယ့်ပါတနာမရှိတော့ နေ့ကိုပဲအပူကပ်ရသည်။နေက ကူညီလို့သာတော်ရာကျသည်။အခုလို အကုန်လုံးစီစဉ်ပြီးမှရောက်ချလာတဲ့ လွန်းရဲ့အချစ်တော်ကိုကိုကတော့လေ စိတ်ရှိလက်ရှိထုရိုက်ပစ်ချင်စရာတကယ်ကောင်းသည်။

"နေရေ တကယ်အားနာရပါတယ်။ခန့်ခန့်က စာတမ်းရှိလို့မတက်နိုင်ဘူးပြောထားတာ။စာတမ်းပြီးသွားတယ်ဆိုလို့ တီချိုလည်းမရမကခေါ်လိုက်မိတာ နေ့ကိုတော့အားနာစရာဖြစ်သွားတယ်။"

ဟန်နီချိုက ကားပေါ်မှဆင်းလာတဲ့နေ့ကို ရယ်သံလေးစွတ်ပြီးအားနာကြောင်းပြောလေသည်။ပွဲရဲ့အဓိကဇာတ်လိုက်ကျော်ကြီးကို ပလစ်ပြီး တတိယဘီးနဲ့တွဲပေးလိုက်လို့မှမဖြစ်တာ။ဟန်နီတို့မျက်နှာပြောင်တိုက်ရတာပေါ့။
ဒီပွဲရဲ့ဆယ်ကျော်သက်တော်တော်များများက လွန်းနဲ့ခန့်ကြောင့်ရောက်လာကြတာ။
ဒီလိုဖြစ်အောင် ဟန်နီတို့က ဖန်တွေကိုဂျင်းကျွေးထားရတာလွယ်တာမဟုတ်။ကုန်ပစ္စည်းမိတ်ဆက်ပွဲကိုတက်မယ့် အနုပညာရှင်စာရင်းမှာ လူငယ်ပရိတ်သတ်တွေကြားရေပန်းစားနေတဲ့ လွန်းစေရာဦးတို့စုံတွဲဆိုပြီး ကြေငြာချက်ထုတ်လိုက်တာ။အဲ့ဒီကြေငြာထုတ်ကတည်းက ကုန်ပစ္စည်းက ဘာကြော်ငြာ ဘာပရိုမိုးရှင်းမှမလိုဘဲဆယ်ကျော်သက်တွေကြားနာမည်ရောက်သွား၏။ဒါကြောင့်လည်း သူတို့ရဲ့ဇာတ်လိုက်ကျော်ကြီးက အခုတစ်မျိုးတော်ကြာတစ်မျိုးဖြစ်တာကိုပင် မငြိုငြင်ရဲ။

ငယ်နိုင်Where stories live. Discover now