13(Uni)

461 14 0
                                    

"သားလေး ရှိုင်း ကျောင်းသွားရအောင် ထတော့လေ။"

ဟန်နီချိုက စောင်ထဲတွင်နစ်မြှုပ်နေသောသားဖြစ်သူကို အသာလှုပ်နှိုးလိုက်သည်။

"မထချင်သေးဘူးမာမီရာ။"

မျက်နှာလေးရှုံ့တွပြီးပြောလာတဲ့သားဖြစ်သူကိုကြည့်ပြီး ဟန်နီရယ်မိသည်။ဆေးကျောင်းစတုတ္ထနှစ်ရောက်ပေမယ့် ကလေးဆန်လွန်းလှတဲ့သားဖြစ်သူ၏အမူအကျင့်များက ဟန်နီအတွက် ငါးနှစ်သားနှင့်မခြားပင်။

"ခန့်ခန့်ရောက်နေပြီ။ခန့်ခန့်စောင့်နေရတာ အားနာစရာကြီး။"

"ငါးမိနစ် မာမီ။"

မျက်လုံးမဖွင့်ဘဲ လက်ငါးချောင်းထောင်ပြီးတောင်းဆိုနေတဲ့သားဖြစ်သူကတော့ ဟန်နီအတွက် တကယ့်ကလေးဆိုးလေး။

"တော်ပြီမရတော့ဘူး။ကျောင်းမမီဘဲနေမယ်။ဒီနေ့ပြီးရင်ကျောင်းပိတ်ပြီ အဲ့ကျမှအဝအိပ်။"

ဟန်နီချိုက အိပ်ရာထဲမှ ဆွဲထူပြီးဆိုတော့ ရယ်မောလာသည့်ကိုယ်တော်ချော။အဲ့လိုမျိုး မအေကိုဆိုးတာ။

"သွား...ရေအမြန်ချိုးတော့။ခန့်ခန့်က စိတ်မရှည်လို့ထားခဲ့ရင် ဘက်စ်ကားတိုးစီးနေရမယ်။"

ဟန်နီက သားဖြစ်သူကို ရေချိုးခန်းထဲအတင်းတွန်းထည့်ပြီးထုံးစံအတိုင်း အိပ်ရာသိမ်း ၊ကျောင်းလွယ်အိတ်ပြင်ပေးလေ၏။

"သား ရေအကြာကြီးမချိုးနဲ့နော်။မာမီအဝတ်အစားထုတ်ပေးခဲ့တယ်။အောက်ကစောင့်မယ် အမြန်ဆင်းလာခဲ့။"

"ဟုတ်၊မာမီ။"

ရေချိုးခန်းထဲက ဟုတ်ဆိုတဲ့အသံကြောင့် ဟန်နီချို ခေါင်းရမ်းမိသည်။အဲ့ဒီ 'ဟုတ်'က သူနောက်တစ်ခေါင်ထပ်လာမခေါ်ရရင် ကံကောင်း။

"သား ခန့်ခန့် မနက်စာ စားပြီးပြီလား။"

ဟန်နီ သားဖြစ်သူအတွက် မနက်စာပြင်ရင်းဘေးမှာထိုင်စောင့်နေတဲ့ခန့်ကို မေးလိုက်သည်။

"ဟုတ်။စားပြီးပြီ။"

"ခန့်ခန့်တို့များ ဝီရိယကောင်းလိုက်တာ။အိမ်က ရှိုင်းတို့ကတော့ တီချို အတင်းနှိုး အတင်းကျွေးနေရတယ်။"

ငယ်နိုင်Where stories live. Discover now